
Majhail (2025) “မတ်ဂျိုင်မိသားစုရဲ့ကံကြမ္မာ” ============================ ဒုစရိုက်-အက်ရှင်ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် အခုနှစ်ဆန်းမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ မာ့ဂ်ျဟာဆိုတဲ့ဒေသမှာ ခေတ်အဆက်ဆက် သမိုင်းကြောင်းကြီးခဲ့တဲ့ မတ်ဂျိုင်မိသားစုဆိုတာ ရှိပါတယ်။ ဟိုးရှေးရှေးက စစ်သည်သူရဲကောင်းတွေထွက်ခဲ့ပြီး အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ကို ဆက်ခံလာတဲ့ မတ်ဂျိုင်မိသားစုဟာ ခုအချိန်ထိ မာ့ဂ်ျဟာဒေသမှာ ကြီးစိုးဆဲပါ။ ဒါပေမဲ့ ဒုစရိုက်လုပ်ငန်းတွေနဲ့မကင်းဘဲ ထင်တိုင်းကျဲနေတာကြောင့် သူတို့မိသားစုကို ဒေသခံတိုင်းက ကြောက်ရွံ့ရပါတယ်။ အဲဒီမိသားစုရဲ့သားဖြစ်သူဆတ်ဒါကလည်း သူ့အဖေနဲ့မိသားစုအရှိန်အဝါကြောင့် ဆိုးသွမ်းနေတဲ့ ဆေးသမားတစ်ယောက်ပါ။ ကိုယ်တိုင်ကအသုံးမကျဘဲ အဖေဖြစ်သူရဲ့လူယုံတော် ဘာ့သ်ကိုလည်း သူ့နေရာလုထားတယ်ဆိုပြီး မကြည်ပါဘူး။ တစ်နေ့တော့ အဲဒီလိုမတ်ဂျိုင်မိသားစုကြီးစိုးထားတဲ့ နေရာကို ဘာစန့်ဆိုတဲ့ ခပ်ချောချောရဲအရာရှိမလေး ပြောင်းရွှေ့ရဖို့ အကြောင်းဖန်လာပါတယ်။ ဘာစန့်ကလည်း ချောချောလှလှမိန်းမငယ်တစ်ယောက်ဖြစ်ပေမဲ့ ခေသူတော့မဟုတ်ပါဘူး။ ၀န်ကြီးရဲ့တူကို ဘာကိုမှအမှုမထားဘဲ အပြစ်ပေးမိရာကစလို့ ခုလို ကြမ်းတမ်းတဲ့ဒေသဆီ ပြောင်းရွှေ့ခံလိုက်ရသူပါ။ အဲဒီလိုနဲ့ မတ်ဂျိုင်မိသားစုနဲ့ ဒုစရိုက်လောကအရှုပ်အထွေးတွေကြားမှာ ဘာစန့်တစ်ယောက် ဘယ်လိုပါ၀င်လာမလဲ၊ လူယုံတော်ဘာ့သ်ရဲ့စရိုက်မှန်ကရော ဘာဖြစ်မလဲ၊ ဆတ်ဒါက ဘယ်လိုတွေမွှေဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~Star~Zwe Yan~ToMo ပါ။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.8 GB | Download | |
| 1080p | 2.8 GB | Download | |
| 1080p | 2.8 GB | Download | |
| 1080p | 2.8 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |