
CM ပရိသတ်တွေအတွက် 2022 မှာထွက်ရှိထားတဲ့ တူရကီ အချစ်ရုပ်ရှင်လေး လာပါပြီ။ ဒီဇာတ်ကားလေးမကြည့်ခင်မှာ တစ်ခုမေးပါရစေ ခင်ဗျားဟာ အချစ်စစ်ကို ရှာဖွေနေသူ တစ်ယောက်လား... စော်ကြည်ဘဲကြည် အပျော်ပဲတွဲနေတဲ့ အချစ်ကို အယုံအကြည်မရှိတဲ့သူ တစ်ယောက်လား၊ ဘယ်ဘက်ထဲမှာ ပါမယ် ထင်ပါသလဲ ... ဒီရုပ်ရှင်လေးထဲမှာတော့ Love Tactics ( အချစ်နည်းဗျူဟာများ ) ဆိုတဲ့ ဘလော့ဂ်တစ်ခုကို ထောင်ထားတဲ့ အက်စ်လီ ဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာမလေး တစ်ယောက်ရှိတယ်။ ယောက်ျားတွေဟာ တစ်သီးစားပဲချောင်းနေတဲ့ကျားတွေလို့ ယုံကြည်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ အဲဒီဘလော့ဂ်မှာ သူက ယောက်ျားတွေကို ဘယ်လိုဆွဲဆောင်ရမယ် ဘယ်အချိန်မှာ ဘယ်လို အကွက် ရွှေ့ရမယ် စသဖြင့် နည်းဗျူဟာတွေ တင်ပေးလေ့ရှိတယ်။ တစ်ဖက်မှာလည်း ကြော်ငြာကုမ္ပဏီမှာ ထူးချွန်တဲ့ မန်နေဂျာ တစ်ဦးဖြစ်တဲ့ ကယ်ရမ်ဆိုတဲ့ သူတစ်ယောက်ရှိတယ်။ မိန်းကလေး တွေကို တစ်ညတာ အပျော်ပဲတွဲပြီး ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့သူတစ်ယောက်။ မိန်းမတွေကို ဘယ်လိုချုပ်ကိုင်ရမယ် မိန်းမတွေဟာ ဘယ်လိုစိတ်နေ သဘောထား ရှိတယ်ဆိုတာ ကောင်းကောင်းကြီး နောကျေနေတဲ့ ယောက်ျားတစ်ယောက်ပေါ့။ ကံကြမ္မာက ဖန်တီးပေးလာတဲ့အခါမှာ အက်စ်လီနဲ့ ကယ်ရမ်တို့နှစ်ဦးဟာ သူတို့သူငယ်ချင်းတွေကိုယ်စီနဲ့ ချမှတ်လိုက်တဲ့ အလောင်းအစားတွေကြောင့် တစ်ဦးနဲ့ တစ်ဦး ပတ်သက်ဖို့အကြောင်းဖန်လာရတယ်။ တစ်ယောက်က တစ်ယောက်ကို ချစ်မိလာအောင် လုပ်ကြဖို့ပါပဲ။ ဒီလိုနဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ အက်စ်လီနဲ့ ကယ်ရမ်တို့ နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ချစ်မိလာအောင် လုပ်ဖို့ အလောင်းအစားနဲ့ အချင်းချင်း ကစားကွက်တွေသုံးပြီး ပညာပြိုင်ကြပါတော့တယ်။ ဘယ်သူဘက်က အလောင်းအစားနိုင်သွားမလဲ . . . အချစ်ကိုအယုံအကြည်မရှိတဲ့ သူနှစ်ယောက်ကရော တကယ်ချစ်လာနိုင်မှာလား . . . ဇာတ်ကားထဲက စကားလေးတစ်ခွန်းရှိပါတယ် . . . မိန်းမတွေဟာ ပွဲတစ်ပွဲကို အသေးစိတ်ကအစ ရှုမြင်တတ်ပြီး ယောက်ျားတွေဟာတော့ အဲဒီပွဲကို ခြုံငုံမြင်တတ်ပြီး ပွဲကပေးတဲ့ ခံစားချက်ကိုပဲ အလေးထားပါတယ်တဲ့။ ဒီဇာတ်ကားလေးကြည့်ပြီး ဟုတ်လားမဟုတ်လားဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါတော့ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်) File Size - (1.19 GB) / (617 MB) / (411 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h 37mins Subtitle – Myanmar Hardsub Format – MP4 Genre : Romance, Drama Translator – Chuck Chuck Encoder – SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |