IMDb - 6.9 2021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ အချစ်ဇာတ်လမ်းအသစ်လေးတစ်ပုဒ်ပေါက်ဖွားလာတော့တာပါပဲ။ ထပ်ပြောရမယ်ဆိုရင် လူတိုင်းမှာ မတူညီတဲ့အချစ်ဇာတ်လမ်းလေးတွေ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ကမ္ဘာပေါ်က မြောက်များစွာသော ဇာတ်လမ်းတွေထဲက တစ်ပုဒ်ပေါ့။ "Love Story"ဆိုတဲ့အတိုင်းပဲ သူတို့နှစ်ယောက်ကြားမှာ ဖြည်းဖြည်းချင်း ပေါက်ဖွားလာတဲ့ ဇာတ်လမ်းကို အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှုဘဝ၊ ဆင်းရဲနွမ်းပါးမှု၊ ကြပ်တည်းနေတဲ့အလုပ်အကိုင်ကို Romanceလေးနဲ့ တွဲပြီး ပျော်စရာ၊ စိတ်ဝင်စားစရာလေး ရိုက်ပြသွားတာဖြစ်ပါတယ်။ ဒါဆိုရင်တော့အခုပဲ ကိုယ့်ဘဝမှာ ကြုံခဲ့ကြတဲ့ Love Storyလေးကို အောက်မေ့ရင်း အိန္ဒိယ Romance Drama "Love Story"လေးကို ကြည့်ရှူလိုက်ကြပါဦးနော်။ File size…3.4GB / 1.56GB Quality…1080p WEBDL Uncut AAC5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , Eliza , Yate
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.4GB | Download | |
| 720p | 1.56GB | Download | |
| 1080p | 3.4GB | Download | |
| 720p | 1.56GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
2h 35m
အဆင့်သတ်မှတ်ချက်
/ 10
Director