
IMDb Rating – 5.2/10 ဒီကားကိုတော့ ဒါရိုက်တာ Carol Hartsell ရိုက်ကူးထားပြီး မင်းသမီး Sophie Von Haselberg က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ မိုတီတွေ အပြည့်ရနိုင်မယ့်အပြင် ခံစားချက် မျိုးစုံကိုပါ ခံစားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ရူဘီကတော့ အသက်သုံးဆယ်ရှိလာတာတောင် အလုပ်အတည်တကျ မရှိသေးတဲ့သူပါ။ အလုပ်တွေကို တစ်ခုပြီးတစ်ခုပြောင်းနေရပြီး သူငယ်ချင်းတွေကြားမှာ အရှက်ရမှာစိုးနေတဲ့ ရူဘီက သူ့အလုပ်အကြောင်းကို လိမ်ထားခဲ့ပါတယ်။ မိဘတွေကလည်း အလုပ်အတည်တကျလုပ်ဖို့ တိုက်တွန်းလာကြပြီး ချစ်သူဖြစ်တဲ့နိုအာကလည်း အလုပ်မရှိတဲ့ရူဘီကို စွန့်ပစ်သွားခဲ့ပါတယ်။ စိတ်ဓာတ်ကျနေတဲ့ရူဘီတစ်ယောက် ပန်းခြံတစ်ခုကခုံမှာထိုင်ရင်းနဲ့ စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကြီးတစ်ယောက်နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်သွားခဲ့ပါတယ်။ ဒီအမျိုးသမီးကြီးကနေတစ်ဆင့် စတိုးဆိုင်ကို ဆက်ပြီးတော့ စီမံပေးဖို့ ရူဘီကိုလွှဲလိုက်တဲ့အခါမှာ ရူဘီတစ်ယောက် ဟမ်တန်မြို့မှာ အခြေချဖို့ဖြစ်လာပြီး အကြောင်းအမျိုးမျိုးကြောင့် ဂျွန်ဆိုတဲ့လူနဲ့ အခန်းဖော်တွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲတွေကြားမှာ ဆိုင်လေးကို ရူဘီဘယ်လိုစီမံသွားမလဲ… သစ္စာဖောက်တဲ့ ချစ်သူနဲ့ နောက်ကျောကို ဓားနဲ့ထိုးတဲ့သူငယ်ချင်းတွေနဲ့ ဆုံလာတဲ့နောက် ပြဿနာတွေကို ရူဘီဘယ်လိုကိုင်တွယ်သွားမလဲ… ဒီကားမှာတော့ လူဆိုးလူကောင်းကို အမြင်နဲ့တင် မခွဲခြားနိုင်ဘူးဆိုတာကို သေချာရိုက်ကူးထားတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းပါပဲ။ စုံတွဲတွေအကြား ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း သေချာပြသထားတာ မလို့ ကြည့်ရှုရင်းနဲ့ ရသစုံရနိုင်ပါတယ်။ File size… (1.83GB) / (934MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Romance , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download |