
( ဘာသာပြန်သူ 100% recommend ပေးပါတယ် ) IMDb 7/10 အထိ ရရှိထားတဲ့ တူရကီရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ Castတွေအနေနဲ့ တူရကီနိုင်ငံရဲ့ ရတနာ အနုပညာရှင်တွေဖြစ်ကြတဲ့ Ercan Kesal, Sarp Akkaya, Su Burcu Yazgı Coskun, Aleyna Özgeçenနဲ့ Füsun Demirel အစရှိတဲ့ အကျော်ဇေယျတွေချည်းပါပဲ။ မူဆာ ဆိုလက်က ခွန်းညအကျဉ်းထောင်မှာ ထောင်ဒဏ် အကြာကြီး အကျဉ်းကျခံနေရတဲ့ အကျဉ်းသားပါ။ သူ ထောင်ကျနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ Spotify ကိုတောင် သူ မသိပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ မူဆာရဲ့ မယားဖြစ်သူ ဆုံးသွားပြီးနောက် အဖော်မဲ့နေတဲ့ သူ့ရဲ့သမီးလေး ရွန်းဂျာ ဆီကို တစ်ရက်ပြန်ခွင့်ရလာပါတယ်။ မူဆာကို စောင့်ကြည့်ဖို့ ဆီးဒတ် ယူဂျယ်လို့ ခေါ်တဲ့ အကျဉ်းထောင်စောင့် ပုဂ္ဂိုလ်က လိုက်ပါရပါတော့တယ်။ သမီးဖြစ်သူကို မွေးပြီးကတည်းက မမြင်ရတော့တဲ့ မူဆာတစ်ယောက် သမီးလေးကို အိမ်ပြန်ပြီး သွားကြည့်တဲ့ ခရီးစဉ်လေးက သာမန်ခရီးစဉ်မဟုတ်တော့တဲ့အခါ ….. သူထောင်ထဲရောက်နေတဲ့အချိန်၊ သူ အပြင်မှာ မရှိခိုက် ဖြစ်ပျက်သွားတာတွေက ဘာတွေလဲ …. မူဆာ တစ်ယောက် ဘာတွေကိုလွတ်သွားတာလဲ …. သူ့ဘေးနားက လူတွေက သူ့ကို ဘာတွေဖုံးကွယ်ထားကြတာလဲ …… Personally အရ ပြောရရင် ဒီရုပ်ရှင်က အင်မတန်တဲ့ကောင်းတဲ့ထဲမှာ ပါပါတယ်။ ဘာသာပြန်လာတဲ့တစ်လျှောက်မှာ ဒီရုပ်ရှင်ကို သဘောအတွေ့ဆုံး၊ အကြိုက်မိဆုံးပါ။ ရိုးရိုးအေးအေး Plotလေးလို့ ထင်လိုက်တာကနေ တဖြည်းဖြည်းနဲ့ ဇာတ်ကို ဆွဲခေါ်လာပြီး Plotကို ပြောင်းချသွားတာက လက်ဖျားခါလောက်ပါတယ်။ ဇာတ်အိမ်အပြင် ဇာတ်ဝင်သီချင်းကလည်း ဇာတ်လမ်းကို အမြင့်ဆုံးကို ဆွဲခေါ်သွားနိုင်ခဲ့တယ်။ Emotion ကို ရိုလာကိုစတာ စီးသလိုမျိုး အနိမ့်အမြင့် အတက်ကျဖြစ်အောင် ပုံဖော်သွားနိုင်တာကြောင့် ဒါရိုက်တာ Mehmet Ada Öztekinကို အရမ်း ဂုဏ်ပြုမိပါတယ်။ ဒီရုပ်ရှင်က ကြည့်ရတာ အင်မတန်ကိုမှ တန်တဲ့ရုပ်ရှင်ကားဖြစ်တယ်လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(892 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 892MB | Download | |
| 720p | 892MB | Download | |
| 720p | 892MB | Download | |
| 720p | 892MB | Download | |
| 720p | 892MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director