
ဒီဇာတ်ကားကတော့ ဂျပန်နဲ့ ပြင်သစ် ပူးပေါင်းရိုက်ကူးထားတဲ့ ၂နာရီကျော်ကြာမြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Koji Fukadaက ရိုက်ကူးထားတာဖြစ်ပါတယ်။ Love lifeလို့အမည်ရတဲ့ ၁၉၉၁မှာထွက်ရှိခဲ့တဲ့ ဂျပန်သီချင်းကို ဇာတ်လမ်းကျောရိုးအဖြစ် ပုံဖော်ထားတာဖြစ်ပြီး အဓိကကတော့ “တအဲကို”နဲ့ “ဂျိရို”ရဲ့ အချစ် နဲ့ ဘဝအကြောင်း ဖြစ်ပါတယ်။ 79th Venice International Film Festivalမှာ ပွဲဦးထွက်ပြသခဲ့တာဖြစ်ပြီးတော့ Hochi Film awardအတွက် nominationတွေလည်း ဝင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ လူတွေရဲ့ ဘဝထဲမှာ ဘယ်တုန်းကမှ ရောက်မလာခဲ့သင့်တဲ့သူဆိုတာကို တစ်ကွေ့မှာတော့ ကြုံရလေ့ ရှိပါတယ်။ “တအဲကို”ဆိုတဲ့ အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက “ဂျိရို”လို့ခေါ်ပြီး သူတို့မှာ သားလေးတစ်ယောက်လည်း ရှိပါတယ်။ သားဖြစ်သူ “ခေးတ”က တအဲကိုရဲ့ အရင်ယောက်ျားနဲ့ရခဲ့တဲ့ကလေး ဖြစ်ပေမဲ့ ယောက်ျားဖြစ်သူက သားအရင်းလိုချစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ တအဲကိုက တစ်ခုလပ်ဖြစ်ခဲ့တာမို့ ယောက်ျားရဲ့မိဘတွေက သဘောမတူခဲ့ပါဘူး။ တစ်နေ့မှာတော့ ယောက္ခထီးဖြစ်သူရဲ့မွေးနေ့ကို သူတို့အိမ်မှာလုပ်ပေးရင်း သီချင်းတွေအကျယ်ကြီးဆိုနေခဲ့ကြရာက ကလေးဖြစ်သူ ရေချိုးကန်ထဲပြုတ်ကျသွားတာကို မသိလိုက်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူလည်း ရေနစ်ဆုံးပါးသွားပြီး ဈာပနအခမ်းအနားပြုလုပ်နေတုန်း ယောက်ျားဟောင်းဖြစ်သူ ဘတ်ရှင်းဂျီက ပြန်ရောက်လာခဲ့ပါတယ်။ ဘတ်ရှင်းဂျီက ဆွံ့အနားမကြားတစ်ယောက်ဖြစ်ပြီး တအဲကိုတို့သားအမိကို ထားခဲ့ကာ ထွက်ပြေးသွားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ခု ပြန်တွေ့ချိန်မှာလည်း သူဟာ ဘေးလူရဲ့ အကူအညီလိုအပ်သူဖြစ်တာမို့ “ဂျိရို”ကလည်း သူ့ကိုကူညီပေးဖို့ တအဲကို ကို ပြောလာပါတယ်။ နားလည်မှု အတော်လေးရှိတယ်လို့ထင်ရတဲ့ သူတို့အိမ်ထောင်ရေးနဲ့ အရင်လူတွေပြန်လာတဲ့အချိန်မှာ ဘယ်လိုမျိုး ပြောင်းလဲနိုင်မလဲ။ အိမ်ထောင်ရေးနဲ့ လူနှစ်ဦးကြားက တချို့သောကိစ္စတွေဟာ ကန့်သတ်ချက်တွေမပါဘဲ ကာယကံရှင် နှစ်ယောက်ရဲ့ လက်ခံနားလည်မှုတွေနဲ့ပဲ တည်ဆောက်ရှေ့ဆက်သွားတာကို တအဲကိုနဲ့ဂျိရိုရဲ့ အချစ်နဲ့ဘဝအကြောင်းထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ingyin San
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1080p | Download | |
| 1080p | 1080p | Download | |
| 1080p | 1080p | Download | |
| 1080p | 1080p | Download | |
| 720p | 720p | Download | |
| 720p | 720p | Download | |
| 720p | 720p | Download | |
| 720p | 720p | Download | |
| 720p | 720p | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director