
အယုဒ္ဓခေတ်မှာသေကွဲကွဲခဲ့ရပေမယ့် အလယ်ခေတ်မှာလူပြန်ဝင်စားလာတဲ့ Bhop နဲ့ Gaysorn မှာ Bhop ကသာ အတိတ်ဘဝကချစ်သူဟောင်းကို ၁၀နှစ်လုံးလုံးအိပ်မက်ထဲမှာပြန်တွေ့ပြီး မှတ်မိနေခဲ့ပါတယ်။ အိပ်မက်ထဲကမိန်းကလေးနဲ့တစ်ထပ်တည်းတူတဲ့ Gaysorn ကိုတွေ့လိုက်ရချိန်မှာတော့ Bhop တစ်ယောက် အနောက်ကတကောက်ကောက်လိုက်ရတဲ့အထိကို အရူးအမူးဖြစ်ပါတော့တယ်။ Gaysorn ကတော့ ကံမကုန်တာတွေ ပြန်ဆုံတာတွေကိုမယုံတတ်တဲ့မိန်းကလေးပီပီ ခေတ်ဆန်ဆန်ဗန်းစကားလေးတွေညှပ်ညှပ်ပြီးပြောတတ်တဲ့ Mathus ဆိုတဲ့ကောင်လေးကိုပဲစိတ်ဝင်စားနေပါတယ်။ Mathus ဆိုတာကတော့ အယုဒ္ဓယခေတ်ကမှတ်တမ်းစာအုပ်ထဲမှာပါတဲ့ ရှေ့ဖြစ်ဟောတမ်းတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကိုက်ညီနေတဲ့ လူထူးလူဆန်းလေးတစ်ယောက်ပေါ့။ အနာဂတ်က Time traveler လေး Mathus ခမျာ ကံမကောင်းရှာတော့ ရှေးခေတ်စုံတွဲကြားညပ်ရတဲ့အပြင် နန်းတွင်းပုန်ကန်မှုအရှုပ်တော်ပုံထဲမှာပါ ခြေစုံပစ်လျက်သားဖြစ်ပါတော့တယ်။ Cast အနေနဲ့ကလည်း My Ambulance Ost အဆိုတော်လေး P'Paris မို့လို့ ကြည့်ရတာအတော်လေး မျက်စိအားရှိစေမယ့် movie လေးပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi က ရေးပေးထားပါတယ်။) File Size : 3.1GB, 1.2GB, 619MB, 217MB Quality : 1080p WEB-DL, 720p WEB-DL, 480p, 360p Format : mp4 Duration : 2hr 46mins Genre : Comedy, Romance, History Translated by Chothet_mlmt & Hnin Wut Yi Encoded by Kinnov