
ကျောင်းသား အချစ်ကား ချိုချိုလေးတွေ ကြိုက်တဲ့လူတွေအတွက် ဒီရုပ်ရှင်လေးက ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အားကြီးပြီး တက်ကြွတဲ့ ကောင်မလေး ကောင်းရှောင်နန်နဲ့ ဂီတာကိုရူးသွပ်တဲ့ လေယွီကွမ်းတို့က ငယ်ကတည်းက အတူတူကြီးလာကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ နူးညံ့တဲ့ ကျောင်းက ပျိုတိုင်းကြိုက်တဲ့ လူချောလေး ဝမ်ကျီကျယ်ရဲ့ မေတ္တာကို လိုချင်တဲ့အတွက် သီချင်းဆိုရင် ကီးကြောင်တတ်တဲ့ ကောင်းရှောင်နန်ဟာ အထက်တန်းဂီတပြဇာတ်မှာ မင်းသမီးနေရာရဖို့ ပြိုင်ပွဲဝင်ရအောင် လေယွီကွမ်းကို အကူအညီတောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ လေယွီကွမ်းက ကောင်းရှောင်နန်ကို ပျော်စရာကောင်း ရယ်စရာကောင်းတဲ့ ဂီတလေ့ကျင့်မှုတွေ လုပ်ပေးပြီး သူ့ကို ဝမ်ကျီကျယ်ကြိုက်တတ်တဲ့ မိန်းကလေးလိုဖြစ်အောင် ပြောင်းလဲပေးဖို့ ကတိပြုခဲ့ပါတယ်။ အချစ်နောက်လိုက်တဲ့ တစ်လျှောက် ဟာသတွေ အဆက်မပြတ်ဖြစ်ခဲ့ပြီး ကောင်းရှောင်နန်ကလည်း တဖြည်းဖြည်းနဲ့ သူ့နှလုံးသားထဲမှာ တခြားလူရှိနေတာကို သတိထားမိသွားပါတယ်။ တစ်ဖက်သတ်အချစ်ရဲ့ ချိုမြိန်မှုနဲ့ ခါးသီးမှုတွေကြားမှာ သူဘယ်လိုလုပ်မှ အချစ်ဦးအတွက် နောင်တတွေ မကျန်ခဲ့မလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။