
Love at First Kiss (2023) ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော..... မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 578MB | 287MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |