
Love Actually (2003) IMDb Rating (7.6) / Rotten Tomatoes (64 %) နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်…. မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင်အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာ ဘယ်မျိုးသောအကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကိုရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ကြီးတစ်ယောက်တော့ပါဝင်နိုင်တော့မှာမဟုတ်တော့ပါဘူး 😔 #LoveActually #HollywoodDope #Dave (ရုပ်ရှင်အညွှန်းကို Hollywood Dope Facebook Page မှ ကူးယူဖော်ပြပါသည်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 9.4 GB | Download | |
| 1080p | 3.6 GB | Download | |
| 1080p | 3.6 GB | Download | |
| 1080p | 3.6 GB | Download | |
| 720p | 2 GB | Download | |
| 720p | 2 GB | Download | |
| 720p | 2 GB | Download | |
| 720p | 2 GB | Download | |
| 720p | 2 GB | Download |