
ဒီတစ်ခါတင်ဆက်ပေးမှာတော့ ရှေးခေတ်စစ်ပွဲတွေအကြောင်း စိတ်ဝင်စားတဲ့လူတွေအတွက် တောင်စုန့်ခေတ်က စစ်ပွဲအကြောင်းရိုက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တောင်စုန့်ခေတ်မှာ အရင်ဘုရင်ကညံ့ဖျင်းတာကြောင့်မြောက်ပိုင်းနယ်မြေဟာ မြောက်ပိုင်းသားတွေဖြစ်တဲ့ ကျင်းလူမျိုးတွေရဲ့လက်အောက်ကိုရောက်ခဲ့ပါတယ်။ လုံရှင်းမင်းကြီးလက်ထပ်ရောက်လာတော့ မြောက်ပိုင်းနယ်မြေကိုပြန်သိမ်းပိုက်ဖို့ကြိုးစားပါတယ်။ ခြေမြန်တော်တစ်ယောက်ကိုအဓိကထားပြီး ဒီစစ်ပွဲအကြောင်းကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ်။ မြောက်ပိုင်းကိုစစ်ချီတဲ့အခါမှာ ရှောက်နဲ့လီဆိုတဲ့ စစ်သူကြီးနှစ်ယောက်ကဦးဆောင်ခဲ့ပါတယ်။ စစ်သူကြီးတစ်ယောက်ဟာဖြောင့်မတ်ပြီး တာဝန်ကျေပွန်ပေမယ့် စစ်သူကြီးနောက်တစ်ယောက်ဟာ ကိုယ်ရေးကိုယ်တာနဲ့ တိုင်းပြည်ရေး မခွဲခြားနိုင်တဲ့အခါ မြောက်ပိုင်းနယ်မြေပြန်သိမ်းမယ့်စစ်ပွဲကြီးဟာ အောင်မြင်နိုင်ပါတော့မလား...... လူတစ်ယောက်ရဲ့အတ္တကြောင့် အသက်သွေးတွေ ဘယ်လောက်တောင်များပေးဆပ်ကြရမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
June 29, 2023
ကြာချိန်
1h 27m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Qin Jiao-Shou, niu sen