
"လုံလင်ပိုးမွှားတောင်ကြား" ဆိုတာဘယ်လိုနေရာမျိုးလဲ။ အဆိပ်ရှိမြွေကြီးတွေ၊ ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ တခြားသောထူးဆန်းတဲ့ သတ္တဝါတွေကျက်စားနေထိုင်ရာနေရာပေါ့။ နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ရှေးဟောင်းသားရဲတွေလည်းရှိတယ်လို့ဆိုကြတယ်။ ဝင်သွားပြီးရင်ပြန်လမ်းမရှိတဲ့ သေမင်းတံခါးဝဖြစ်ပြီး၊ ဘဝအသစ်စရာလို့လည်းဆိုကြပါတယ်။ ဘာလို့ ဘဝအသစ်စရာလို့ပြောတာလဲ? လုံလင်ပိုးမွှားတောင်ကြားမှာသေဆုံးသွားပြီးရင် ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းရှိတဲ့သတ္တဝါတစ်မျိုးရှိတယ်တဲ့။ ဒါကိုမျက်မြင်တွေ့ဖူးတဲ့ဇီဝဗေဒပါမောက္ခတစ်ယောက်က အရူးလို့သတ်မှတ်ခံရပြီး၊ အလုပ်ကပါထွက်ခဲ့ရတယ်။ သူဟာအဲ့ဒီသတ္တဝါတကယ်ရှိကြောင်းသက်သေပြချင်နေခဲ့တယ်။ ပိုးမွှားတောင်ကြားသုတေသနမှာပျောက်ဆုံးသွားတဲ့ ပါမောက္ခတစ်ဦးရဲ့သားဖြစ်သူဟာလည်း အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့တောင်ကြားအကြောင်းကို တိတ််တိတ်လေးစုံစမ်းနေခဲ့တယ်။ သူတို့၂ယောက်နဲ့ ကုလို့မရတဲ့ရောဂါခံစားနေရတဲ့ လူချမ်းသာအဘိုးကြီးတို့တွေ့ကြတဲ့အခါ လုံလင်ပိုးမွှားတောင်ကြားကိုခရီးဆက်မယ့် စွန့်စားခန်းစတင်ပါတော့တယ်။ မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိကြတဲ့ မတူညီတဲ့လူတွေ အတူတကွခရီးဆက်ကြတဲ့အခါ.... ဆန်းကြယ်တဲ့ ပဟေဠိတွေကိုအဖြေညှိကြရင်း ရှေးဟောင်းသတ္တဝါတွေနဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရလေမလဲ။ မသေမျိုးဖြစ်စေနိုင်တဲ့ သတ္တဝါကရော တကယ်ရှိလား။ ဘယ်သူတွေရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီး ဘယ်သူတွေက ကျဆုံးလေမလဲ။ Quality : WEB-DL 1080p , 480p Fomat : mp4 Genres : Adventure . Thriller Runtime : 1h 7min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 924MB | Download | |
| 1080p | 924MB | Download |