
Locked in My House (2024) ======================= စိတ်၀င်စားစရာကောင်းတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်တဲ့ ကြောင်သူတော်တစ်ယောက်ကို ဝိုင်းပညာပေးမဲ့ ဇာတ်လမ်း မျိုးပါ။ ပါမောက္ခကဲရစ်နဲ့ ခင်ပွန်းဖြစ်သူဂျွန်ဟာ သာယာတဲ့အိမ်ထောင်ရေးပိုင် ဆိုင်ထားတဲ့ ဇနီးမောင်နှံပါ။ ဒါပေမဲ့ သူတိုမှာ သားသမီးမထွန်းကားသေး ပါဘူး။ အဲဒါကြောင့် သားသမီးရရှိရေးအတွက် fertility clinic တစ်ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ တစ်နေ့တော့ ဂျွန် ခရီးသွားနေခိုက် ကဲရစ်တစ်ယောက်တည်း ချိန်းဆိုထား တဲ့ဆေးခန်းကို သွားရောက်စမ်းသပ်ခံခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာမဲရစ်ခ် ဆိုတဲ့ ဆရာ၀န်ရဲ့မူမမှန်တဲ့ စမ်းသပ်မှုကြောင့် ကဲရစ် ရှော့ခ်ရသွားပါတော့ တယ်။ မတရားမှုကို ငြိမ်ခံမနေတတ်တာကြောင့် လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုနဲ့ ရဲစခန်းမှာ သွားတိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သက်သေမခိုင်လုံတာကြောင့် ဘာမှလုပ်လို မရခဲ့ပါဘူး။ အဲဒီနောက် ဒေါက်တာမဲရစ်ခ်ရဲ့လိင်နှောင့်ယှက်မှု ကို ခံရသူဟာ သူတစ်ယောက်တည်းမဟုတ်မှန်း ကဲရစ်သိလာပြီး ဘ၀တူအ မျိုးသမီးတွေ စုမိသွားပါတယ်။ ဒီလိုနဲ့ ကဲရစ်ဟာ မိန်းမသားများစွာရဲ့ဘ၀ကို စိတ်ဒဏ်ရာကြီးကြီးပေးခဲ့တဲ့ မဲရစ်ခ်ကို ကိုယ်တိုင်သက်သေရှာဖွေပြီး အပြစ် ပေးဖို စွန့်စွန့်စားစား ကြိုးပမ်းပါတော့တယ်…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(600 MB) Quality…………WEB-DL 720p Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….C’mon Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 600 MB | Download | |
| 720p | 600 MB | Download | |
| 720p | 600 MB | Download | |
| 720p | 600 MB | Download | |
| 720p | 600 MB | Download |