
X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့ မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို ထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ….။ ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့ လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်…။ လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံး အကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊ မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ….။ ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့….. ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကို လက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့…. ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲ သားဖြစ်သူအတွက်သာ အမွေတွေအကုန်ပေးအပ်ခဲ့ပါတယ်…။ ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့….။ အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့် အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ….။ အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကို ပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်….။ ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါ ထပ်ရလာတဲ့အခါမှာတော့…. အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ….။ မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်က အမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့် Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်…။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes