
Little Hearts 2024 ငယ်နုတဲ့နှလုံးသား နေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။ မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)