
Life Risking Romance (2016) *************************** IMDb… 6.4 လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရှုလို့ရနိုင်မယ့် ဒီရုပ်ရှင်ကားမှာတော့ အားလုံးသိကြတဲ့ အမြဲနုပျိုလှပနေတဲ့မင်းသမီး Ha Ji Won, မင်းသား Chun Jung Myungနဲ့ ထိုင်ဝမ်မင်းသား Chen Bolinတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟန်ဂျယ်အင်း (Ha Ji Won) ဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ပြီး လူတွေကို သံသယစိတ်လည်းများတာကြောင့် အမြဲမှားယွင်းပြီး ရဲတိုင်နေတတ်သူပါ။ သူမရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကတော့ ရဲအရာရှိ ဆောရို့ဟွမ် (Chun Jung Myung) ဖြစ်ပြီး ငယ်ငယ်လေးတည်းက သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပေါ့။ ဒီသူငယ်ချင်းနှစ်ယောက်နေထိုင်တဲ့ အီထယ်ဝန်မြို့မှာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး လူမနေတဲ့အိမ်အလွတ်တွေမှာ လာလွှင့်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ ဂျယ်အင်းဟာ သူမနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်ကနေ အော်သံတစ်ခုကြားလိုက်ရတာကြောင့် ရဲတိုင်လိုက်ပေမဲ့ ဘယ်သူမှမယုံပေးခဲ့ကြပါဘူး။ ဒါကြောင့် အဲဒီတိုက်ခန်းမှာနေတဲ့ FBI အေးဂျင့် ဂျေဆင်ချန် (Chen Bolin) ကို ကွင်းဆက်လူသတ်သမားပဲလို့ ယုံကြည်ပြီး ရို့ဟွမ်နဲ့အတူ နောက်ယောင်ခံလိုက်ကြပါတော့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂျယ်အင်းတစ်ယောက် ချောမောခန့်ညားတဲ့ ဂျေဆင်ချန်ကို ကြွေမိသွားတဲ့အခါမှာတော့… ကွင်းဆက်လူသတ်သမားက ဘယ်သူလဲဆိုတာကို ခန့်မှန်းရင်းနဲ့ စိတ်ဝင်စားဖို့လည်းကောင်း ရယ်လည်းရယ်ရတာမလို့ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.46GB/ 740MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:43:49 Genre : Thriller, Mystery, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.46GB | Download | |
| 1080p | 1.46GB | Download | |
| 1080p | 1.46GB | Download | |
| 1080p | 1.46GB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director