
ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်း Jacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါတော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ ဒီအခါ ကျောင်းအုပ်ဆရာကြီး Jakob ၊ သူ့ရဲ့ ဇနီး Lis နဲ့ မိသားစုအနေနဲ့ ခိုကိုးရာမဲ့နေတဲ့ ဂျာမန်ဒုက္ခသည်တွေကို ကူညီသင့်သလား ဒါမှမဟုတ် ဒိန်းမတ် ဆန့်ကျင်ရေးမှာ အခိုင်အမာ ရပ်တည်သင့်လား ဆိုတဲ့ ဝိရောဓိတွေအကြားမှာ ဘယ်လို ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်ခဲ့လဲ၊ သူတို့ရဲ့ ဒိန်းမတ် အသိုင်းအဝိုင်းကရော သူတို့လုပ်ရပ်တွေကို လက်ခံကြပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Anyway “HUMANITY IS A CHOICE.” File size…(1.2 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 720p | 670 Mb | Download | |
| 720p | 670 Mb | Download | |
| 720p | 670 Mb | Download | |
| 720p | 670 Mb | Download | |
| 720p | 670 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director