
ဒီကားလေးကတော့ Liar x Liarဆိုတဲ့ Mangaလေးကို Live action ပြန်ရိုက်ထားတဲ့ ကားလေးပါ။ "အစကတော့ အလိမ်ညာလေးတစ်ခုပါပဲ။ ဒီအလိမ်အညာလေးက ကျွန်မတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေမယ်လို့ မထင်ခဲ့မိဘူး" ဒီစကားလေးအတိုင်းပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အလိမ်အညာတစ်ခုကနေ စတင်ခဲ့တာပါ။ Minato ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ချစ်စဖွယ် တက္ကသိုလ်ကျောင်းသူလေးပါ။ အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ အေးအေးချမ်းချမ်းနေရတဲ့ရက်ဆိုတာ မရှိခဲ့တဲ့ ကံဆိုးမလေးဆိုရင်လည်း မမှားပါဘူး။ ဒီကိစ္စတွေရဲ့ တရားခံကတော့ သွေးသားမတော်စပ်တဲ့ မောင်ဖြစ်သူ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး Toruပါပဲ။ ရုပ်ချောသလောက် ပွေရှုပ်လွန်းအားကြီးတဲ့ Toruကတော့ ခန့်မှန်းရခက်တဲ့ ကောင်လေးပါ။ သွေးသားမတော်စပ်တဲ့သူတို့နှစ်ယောက်ကြားထဲ အလိမ်ညာတစ်ခုကြောင့် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်တည်လာတာကို ကြည်နူးဖွယ်ပုံဖော်ထားတာပါ။ Mangaလေးကလည်း ဖတ်လို့ကောင်းသလို ရုပ်ရှင်အနေနဲ့ပြန်ကြည့်တော့လည်း ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့် အရသာမပျက်သွားပါဘူး။ လိမ်ညာတယ်ဆိုတာ မကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ ကောင်းပါတယ်။ ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 480p File size…1.65GB, 856MB and 304MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii and Milkeux Encoder ..... LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |