Preparing your cinema experience...

ဒါကတော့ ထန်ခေတ်ကနာမည်ကြီး ကဗျာဆရာဖြစ်တဲ့လီပိုင်ကို ဓားသမားတစ်ယောက်အဖြစ်သူရဲကောင်းဆန်ဆန် ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ လီပိုင်ကို ကဗျာပါရမီအပြင် ဓားစွမ်းပါထက်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ပုံဖော်ထားပါတယ်။ လီပိုင်က သေရည်လေးသောက်လိုက် ကဗျာလေးရေးလိုက် မိန်းကလေးတွေကိုကျီစယ်လိုက်နဲ့ ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မတရားမှုနဲ့ကြုံလာရင်တော့ တရားတဲ့ဘက်ကနေ ဝင်ပါတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူကရာထူးရာခံတွေကိုစိတ်မဝင်စားပေမယ့် သူငယ်ချင်းဖြစ်သူကြောင့် ချန်အန်းမြို့တော်ကိုအတူလိုက်လာခဲ့တယ်။ သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် မထင်မှတ်ပဲ ပြဿနာအရှုပ်အထွေးကြားထဲရောက်သွားပြီး တိုင်းပြည်ရေးအတွက် အန္တရာယ်ကြုံလာတဲ့အခါ မနေသာပဲ တရားမျှတတဲ့ဘက်ကနေ တိုင်းပြည်အပေါ်တာဝန်ကျေသွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။