
Level Cross 2024 (စိတ်ရောဂါကုဆရာဝန်မလေးရဲ့ စိတ်ဒဏ်ရာ) ဝေးလံခေါင်ခိုက်ပြီးတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာရှိတဲ့ ရထားဂိတ်တစ်ခုမှာ အစောင့်တာဝန်ကျနေတဲ့ ရာဂူး။ သူဟာ တစ်ကိုယ်တည်း အထီးကျန်နေရင်း သူ့မြည်းလေး စစ်ကနယ်နဲ့အတူတူ နေထိုင်ရင်း ရထားဂိတ်စောင့်အလုပ်ကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ သူစောင့်ကြည့်ပေးရတဲ့ ရထားဂိတ်အနားကို အနီရောင်ဝတ်စုံဝတ်ထားတဲ့ ခေတ်ဆန်ဆန်ကောင်မလေးတစ်ယောက်ဟာ ရထားပေါ်ကနေ ခုန်ချခဲ့ပြီးတော့ ဒဏ်ရာတွေရသွားတဲ့အတွက် ကယ်ဆယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာ စကားပြောဖော်မရှိ ပျင်းနေခဲ့တဲ့ ရာဂူးကြီးမှာ စကားတွေဖောင်ဖွဲ့ပြောရင်းနဲ့ ကောင်မလေးဟာ သူ ဘာလို့ရထားပေါ်ကနေ ခုန်ချခဲ့ရလဲဆိုတာကို ရင်ဖွင့်လာခဲ့ပါတော့တယ်။ အဲဒီကောင်မလေးဟာ ရထားပေါ်ကနေ ဘာကြောင့်မလို့ ခုန်ချခဲ့ရတာလဲ ……. သူ့ရဲ့ အတိတ်က ဇာတ်လမ်းက ဘယ်လောက်တောင်ဆိုးလို့ ဒီလိုရထားပေါ်ကနေ ခုန်ချရတဲ့အထိဖြစ်ရတာလဲဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)