
Letters to Santa (2023) ================= IMDb Rating – 5.9/10 ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးကို တင်ဆက်ပေး လိုက်ပါတယ်။ အန်းနရစ်တို့ဇနီးမောင်နှံက အကြောင်းကိစ္စတစ်ခု ကြောင့် စိတ်အလိုမကျဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေကြတာပါ။ သူတို့မှာ ဆမ်နဲ့ အစ်ဇီဆိုတဲ့ကလေးနှစ်ယောက်ရှိတယ်။ ခရစ္စမတ်ပိတ်ရက်မှာ ကလေးတွေကို စာအုပ်ဆိုင်လိုက်ပို့ရင်းနဲ့ ကလေးတွေက ဆန်တာဖိုးဖိုးနဲ့ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒီမှာ ကလေးတွေကို ဘာလိုချင်လဲမေးတော့ အငယ်လေးအစ်ဇီက မရေမရာ ဖြစ်နေတာနဲ့ ဆန်တာဖိုးဖိုးက မှော်ဘောပင်လေးတစ်ခုလက်ဆောင်ပေးလိုက် တယ်။ မှော်ဘောပင်နဲ့ ဆန်တာဖိုးဖိုးဆီစာရေးလိုက်ရင် ဆန္ဒတွေ တကယ်ဖြစ် လာမယ်ပေါ့။ ဒါပေမဲ့ ဒီမှော်ဘောပင်က အရာရာကိုမပေးနိုင်ဘူး။ ကိုယ့်ကျိုးအတွက်မဟုတ်ဘဲ တဖက်သားကိုအကျိုးရှိစေမယ့်ဆန္ဒမျိုးမှ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆန်တာဖိုးဖိုး က မှာလိုက်တယ်။ ဒီလိုနဲ့အစ်ဇီက ညရောက်တာနဲ့ခွေးလေးလိုချင်တယ်ဆိုပြီး ဆန် တာ့ဆီကို စာရေးပို့လိုက်တဲ့အခါ…တကယ်ရော ခွေးလေးက ရောက်လာမှာလား။ တခြားဘာတွေများ ထပ်ပြီးတောင်းဆိုကြမလဲဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် အချိန်ပေးရကျိုး နပ်စေမယ့် ပေါ့ပေါ့ပါးပါးစီးမြောရမယ့် ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.55 GB) / (674 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….ZWT Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.55 GB | Download | |
| 1080p | 1.55 GB | Download | |
| 1080p | 1.55 GB | Download | |
| 720p | 674 MB | Download | |
| 720p | 674 MB | Download | |
| 720p | 674 MB | Download | |
| 720p | 674 MB | Download |