
Le Grand Chef (2007) IMDb 6.5 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ Le Grand Chef (2007) ဒီကားလေးထဲမှာတော့ Wonderful World ထဲမှ မင်းသား Kim Kang-Woo ၊ အားလုံး ရင်းနှီးနေပြီးသား ဇာတ်ပို့သရုပ်ဆောင်ကြီး Lim Won-Hee နဲ့ Voice ထဲမှ မင်းသမီး Lee Ha-Na တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် – ဇာတ်လမ်းအကျဉ်း – ဂျိုဆွန်းခေတ်က ဂျပန်တွေရဲ့ ကိုလိုပြုမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခခံစားနေရချိန်မှာ ဘုရင်ဆွန်းဂျုံးလည်း အစားစားခြင်းကို ရပ်တန့်လိုက်ပါတယ် ဒါကြောင့် စားတော်ဆက်သဖို့သူ မရှိတော့တဲ့ တော်ဝင်စားဖိုမှူးလည်း သူ့လက်သူခုတ်ပစ်ပြီး တိုင်းပြည်နဲ့ ဘုရင်အပေါ် သစ္စာရှိမှုကို ပြသခဲ့တာပေါ့ ဂျပန် ဗျူရိုကရက်အရာရှိလည်း တော်ဝင်စားဖိုမှူးရဲ့ ခံယူချက်ကြောင့် စိတ်လှုပ်ရှားခံစားသွားရပြီး ဓားနဲ့အတူ ဂျပန်ကို ပြန်သွားခဲ့ပါတယ် နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ အဖေ့ရဲ့အပြစ်တွေကို ပြန်လည်ဆေးကြောဖို့အတွက်ဗျူရိုကရက်အရာရှိရဲ့ သားဖြစ်သူက တော်ဝင်စားဖိုမှူးရဲ့ဓားကို ကိုးရီးယားလက်ထဲ ပြန်လည်ပေးအပ်ခဲ့ပြီး အဆိုပါဓားနဲ့ တော်ဝင်စားဖိုမှူးနေရာကို ဆက်ခံမဲ့သူကို ရွေးချယ်ဖို့အတွက် ဟင်းချက်ပြိုင်ပွဲကြီး ကျင်းပမှာဖြစ်ကြောင်း တစ်နိုင်ငံလုံးအနှံ့ကို ကြေညာလိုက်ပါတော့တယ် ဒီပြိုင်ပွဲမှာ တော်ဝင်စားဖိုမှူးရဲ့ တပည့်နှစ်ဦးရဲ့ မြေးတွေဖြစ်ကြတဲ့ ဆောင်းချန်း (Kim Kang-Woo) နဲ့ အိုဘုံးဂျူ (Lim Won-Hee) တို့ ပါဝင်ယှဉ်ပြိုင်ဖြစ်သွားကြတဲ့အခါမှာတော့… တော်ဝင်စားဖိုမှူးရဲ့ ဓားကို ဆက်ခံခွင့်ရသွားမဲ့ စစ်မှန်တဲ့ပိုင်ရှင်က ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးရှင်။ (အညွှန်းကိုတော့ Hnin Wai Oo က ရေးသားထားပါတယ်) File Size ~~~ 3.48 GB/ 1.34 GB Quality ~~~ WEB-DL/ 1080p/ 720p Duration~~~1:54:22 Format~~~mp4 Genre ~~~Comedy, Drama Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Hnin Wai Oo Encoded by~~~ Treasure Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download | |
| 1080p | 3.48 GB | Download | |
| 1080p | 3.48 GB | Download | |
| 1080p | 3.48 GB | Download | |
| 1080p | 3.48 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director