
ကမ္ဘာကြီးမှာ လူသားတွေဟာ သဘာဝတရားက ပေးတဲ့အရာတွေကို သုံးချင်သလိုသုံးပြီး နေလာကြတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ လောကကြီးမှာ ပြန်အဖတ်ဆယ်လို့ မရအောင် ပျက်စီးသွားတဲ့ အခြေအနေ တစ်ခုကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကုသမရနိုင်တဲ့ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့ကူးစက် သေဆုံးခဲ့ကြပြီး မြို့ပြကြီးတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့ကုန်ပါတယ်။ ရောဂါပိုးနဲ့ မထိတွေ့ဘဲ ကျန်ရစ်နေခဲ့တဲ့ လီဆိုတဲ့ အမျိုးသမီးဟာ တူမလေး နှစ်ယောက်နဲ့အတူ လူတွေနဲ့ ဝေးလံတဲ့ ကျေးလက်ဒေသ တစ်နေရာမှာ အထီးကျန် နေထိုင်ခဲ့ပါတယ်။ လာဇရက်လို့ အမည်ပေးထားတဲ့ သူတို့အိမ်လေးမှာ တူဝရီးသုံးယောက် ဘေးမသီရန်မခ နေထိုင်ရင်း တစ်နေ့ကျတော့ သူတို့နေအိမ်အနီး တောအုပ်ထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ ဒီကောင်လေးရောက်လာချိန်ကစပြီး သူတို့တွေရဲ့ စည်းချက်ညီ လှုပ်ရှားနေတဲ့ နေအိမ်လေးမှာ ဟန်ချက်မညီမျှတွေ ဖြစ်ပေါ် လာခဲ့ပါတော့တယ်…။ ဒီကောင်လေးက ဘယ်ကနေ ဘာအတွက်ကြောင့် ဒီကိုရောက်လာခဲ့တာလဲ။ သူနဲ့အတူ ဘယ်လို ဘေးအန္တရာယ်တွေပါ လိုက်ပါလာမလဲဆိုတာ….။ File size…1.18 GB/ 443 MB Quality… NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi