
Laxmi Kataksham (2024) “ဆုပ်လည်းစူး စားလည်းရူး” IMDb – 5.8/10 အိန္ဒိယရုပ်ရှင်ဖန်တို့ ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေရှုစားလို့ရမဲ့ တလေဂူးဟာသအက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ လွှတ်တော်အမတ်ဖြစ်ဖို့အရေး ဆယ့်ငါးနှစ်တိုင်တိုင် လွှတ်တော်အမတ်ဘေးမှာ အရာခပ်သိမ်းလိုက်လုပ်ပေးနေတဲ့ ဒါမာ။ သူပြီးရင် အမတ်နေရာကို ဒါမာ့ဆီ လွှဲပေးခဲ့မယ်ဆိုတဲ့ လွှတ်တော်အမတ်ရဲ့စကားကြောင့် အမျှော်လင့်ကြီးမျှော်လင့်ရင်း လွှတ်တော်အမတ်နှလုံးဖောက်တိုင်း သေဖို့ အကြိမ်ကြိမ်ဆုတောင်းပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ ဒါမာ။ သုံးကြိမ်မြောက်နှလုံးဖောက်တဲ့အချိန် အမတ်ဖြစ်ဖို့ သေချာပြီဟဲ့ဆိုမှ အနှောင့်အယှက်ကဝင်လာပြန်ပါရော။ ဒါတင်မက ခြောက်လဆိုင်းငံ့ခံရတဲ့ ရဲအရာရှိအာဂျွန်ကလည်း ဒါမာရဲ့ အမတ်ဖြစ်ရေးလမ်းကြောင်းထဲမှာ ကန့်လန့်ကြီးဝင်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)