
၂၀၂၂ ထွက် ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ လူတစ်ယောက်ရဲ့စိတ်က အရာတစ်ခုကို တရားမျှတတယ်လို့ထင်ပေမဲ့ အခြားသူတွေအတွက် မဟုတ်ခဲ့တာမျိုးတွေ ရှိတတ်တဲ့အကြောင်းပါ။ လူတွေဟာ ကိုယ့်လိပ်ပြာဘက်ကနေ ကိုယ်တိုင်လုံနေတတ်တဲ့သူတွေဖြစ်လို့ သူတကာကို လက်ညိုးမထိုးခင်မှာ ကိုယ့်ဘက်ကို အရင်ပြန်ထိုးဖို့ လိုပါလိမ့်မယ်။ ခက်ခဲတဲ့ဘဝတစ်ခုကို အလူးလူးအလိမ့်လိမ့် ရင်ဆိုင်လာခဲ့ရတဲ့ သမိုင်းဆရာတစ်ဦး။ အိမ်ထောင်ကလည်းကွဲ၊ သူ့အလုပ်မှာလည်း စိတ်မပါ၊ အခြားရွေးစရာကမရှိ။ နောက်လူရင်ခွင်ထဲက သူ့ဇနီးဟောင်းကို ပြန်တမ်းတမိတဲ့ညတွေ။ သူ့ရဲ့ နှလုံးသည်းပွတ် သမီးလေးကိုလည်း အုပ်ထိန်းခွင့်မရရှာ။ အကုသိုလ်က အဖော်အပေါင်းနဲ့ အိမ်လာလည်တာ ခံရသူ။ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုမြင့်နိုင်ကြီး နှိပ်စက်လို့ တကမ္ဘာလုံး တစ္ဆေမြို့တွေလို ခြောက်ကပ်သွားကြတယ်။ ကျောင်းတွေပိတ်၊ အလုပ်တွေပိတ်။ အိပ်ရာပေါ်မှာပဲ အချိန်ကုန်လာရတဲ့ ပျင်းလို့သေတော့မယ်ဆိုတဲ့ ကျောင်းသားတစ်စု။ သူတို့ သမိုင်းဆရာရဲ့ အတင်းတွေ zoom meeting မှာ မြိန်ရေယှက်ရေ ပြောကြရင်း အပျင်းဖြေကြသတဲ့။ ဒီလိုနဲ့ ပျော်စရာတစ်ခုကို အတူဖန်တီးဖို့ စိတ်ကူးရကြတယ်။ အဲဒီအပျော်ကပဲ အပျက်တွေ ဖြစ်ခဲ့ရပုံကို ရှုစားကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Anonymous မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 790MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Anonymous Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |