
Lakadbaggha 2023 IMDb – 6.3/10 Zee5 ကနေအသစ်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းအက်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က Asur ဇာတ်လမ်းတွဲမှာရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောရီဒီး နဲ့ အက်ရှင်ကားတွေဆိုပိုင်နိုင်လှတဲ့ မင်းသားအန်ရှုမန်က အာဂျွန်အဖြစ်ပါဝင်ထားပါတယ်။ ခပ်သွက်သွက်အက်ရှင်တွေနဲ့ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပိုပြီးအကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်း အာဂျွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့ သာမန်စာပို့သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ခွေးလေးပျောက်သွားတာကိုလိုက်ရှာရင်း တရားမဝင်တိရစ္ဆာန်မှောင်ခိုလုပ်ငန်းတစ်ခုကို တွေ့သွားခဲ့တယ်။ အဲ့ထဲမှာတော့ ရှားပါးအိန္ဒိယမျိုးစိပ်(Hyena)ဆိုတဲ့ ခွေးမျိုးစိပ်ကိုအဓိကထားမှောင်ခိုကြတယ်။ ဒါကိုသိတဲ့ အာဂျွန်ဟာ လူသိမခံဘဲ စေတနာ့ကင်းသမားတစ်ယောက်လို အသွင်ယူပြီး တားဆီးဖို့ကြံစည်ပေမဲ့ ဥပဒေဘောင်အတွင်းကလုပ်တာမဟုတ်တာကြောင့် ရဲတွေကသူ့ကိုအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာတော့ အာဂျွန်ဟာခွေးလေးတွေကိုကယ်တင်ပြီး မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ပါဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~BpL~Cherry~V~ThaikSan~Zwe တို့ပဲဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.01GB | Download | |
| 1080p | 2.01GB | Download | |
| 1080p | 2.01GB | Download | |
| 1080p | 2.01GB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director