
Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ကျောင်းကောင်းတွေကိုသာ ရွေးလျှောက်ဖို့ကြိုးစားခဲ့ပါတယ်။ အဖေဖြစ်သူကတော့ သမီးလေးအဆင်ပြေအောင် နည်းမျိုးစုံနဲ့ထောက်ပံ့ခဲ့ပါတယ်။ ငှက်မဒီတစ်ယောက် မိဘတွေနဲ့ ဘယ်လိုကတောက်ကဆတွေဖြစ်မလဲ၊ ဘယ်အရာမဆို လက်တည့်စမ်းချင်တဲ့အရွယ်မှာ ဘာတွေကြုံရမလဲ၊ ငွေရေးကြေးရေး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။ Ladybird ရုပ်ရှင်ဟာ Poster ပဲကြည့်ရင် နာမည်ကျော်အထင်ကရ အမျိုးသမီးတစ်ယောက်ယောက်အကြောင်း ရိုက်ထားသလားလို့ ထင်မိပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ အလွန်ရိုးရှင်းပေမယ့် အော်စကာဆန်ကာတင်စာရင်းမှာ အကောင်းဆုံးရုပ်ရှင်ဆုနေရာအတွက် တစ်ကားအပါအဝင်အဖြစ် ရွေးချယ်ခံထားရပါတယ်။ အမျိုးသမီးဒါရိုက်တာ Greta Gerwig အတွက်လဲ ပွဲဦးထွက်ရုပ်ရှင်မှာတင် အော်စကာဆန်ကာတင်စာရင်းဝင်သွားတဲ့အတွက် မှတ်တမ်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသမီး Saoirse Ronan လဲ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု နေရာအတွက် ဆန်ကာတင်စာရင်းမှာပါခဲ့ပါတယ်။ သူဟာ 2015 ခုနှစ်တုန်းက ပြသခဲ့တဲ့ Brooklyn ရုပ်ရှင်မှာလဲပါဝင်ခဲ့ဖူးပြီး အဲ့ရုပ်ရှင်နဲ့တုန်းကလဲ ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ Ladybird ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်ရုပ်ရှင်တွေထဲမှာတော့ အရိုးရှင်းဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ အဓိကပြသသွားတာက လူတွေရဲ့အပြင်ပန်းသဏ္ဏာန်နဲ့ စိတ်ထဲကခံစားချက်တွေ၊ ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ကစားမှုတွေပါ။ ဒီနှစ် အကောင်းဆုံးရုပ်ရှင်ဆုအတွက်ကတော့ တစ်ပေးချင်စရာ ရုပ်ရှင်တွေကြီးပဲ ဖြစ်နေပါပြီ။ အားလုံးပဲ တကယ်ကောင်းပါတယ်လို့အာမခံနိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုအာကာဖြိုးပါ) ================================================ File Size : (756 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |