
Labyrinth (1986) IMDb Rating (7.3) / Rotten Tomatoes (77%) ” ကိုယ့်ကို ကြောက်ရွံ့ပါ ချစ်ပါ ပြောသလိုနာခံပါ မင်းရဲ့ ကျေးကျွန် ကိုယ်ဖြစ်ပြီးသားပါ ” ” အသင်ဟာ ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ ” ၈၀ ကကားဆိုပေမယ့် မှော်ဆန်ဆန် အိမ်မက်ယောင်ယောင်လေးတွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ခုပါပဲနော်။ ဇာတ်လမ်းလေးက ဒီလိုလေး ဆာရာဆိုတာက အပျို၀င်စအရွယ်ကလေးမလေးတစ်ယောက် သူ့ရဲ့မိထွေးနဲ့ အဖေဖြစ်သူက ပိတ်ရက်တွေ ကလေးကြည့်ခိုင်းလို့ သူ့မောင်လေးကို ကြည့်မရဖြစ်နေတာပေါ့။ ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေးက သူ့မောင်လေးကို ကြည့်နေရင်း ပြောလိုက်တာက ” မှင်စာ တွေလာပြီးနင့်ကိုခေါ်သွားပါစေ ” တဲ့။ ဒါပေမယ့် တကယ်ကြီး မှင်စာတွေက သူ့မောင်လေးကို ခေါ်သွားတဲ့အခါမှာတော့ ဆာရာတစ်ယောက် မှင်စာဘုရင်ကြီးဆီက သူ့မောင်လေးကို ပြန်ခေါ်ဖို့ မောင်လေးရှာပုံတော်ထွက်ရပါတော့တယ်။ ဘုရင်ကြီးရဲ့ ရဲတိုက်ကိုရောက်ဖို့ ဝင်္ကပါတစ်ခုကို သူကျော်ဖြတ်ရတော့တဲ့အခါ ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ဘယ်လိုသူငယ်ချင်းတွေ ရမှာလဲ။ အကျဉ်းချုပ်အနေနဲ့ကတော့ မိန်းမငယ်လေးတစ်ယောက်အတွက် ကလေးဘ၀နဲ့ လူကြီးဘ၀ကြားက ကြားကာလလေးကို ဘယ်လိုကျော်ဖြတ်သွားသလဲဆိုတာလေးပါပဲ။ Cast အနေနဲ့ကလည်း မှင်စာဘုရင်ကြီးဂျဲရက်အဖြစ် David Bowie နဲ့ ဆာရာအနေနဲ့ကတော့ လှတဲ့နေရာမှာနှစ်ယောက်မရှိတဲ့ မင်းသမီး Jennifer Connelly ပါပဲနော်။ ဒီကားထဲမှာ ၁၅ နှစ်အရွယ်လေးပဲရှိသေးလို့ မှော်ဆန်ဆန်ကားတွေမကြိုက်ရင်တောင် သူနဲ့တင် ကြည့်ဖို့တန်ပါတယ်နော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Family, Fantasy Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download |