
La Femme Nikita (1990) ~ IMDb – 7.3/10, RT – 89%, Meta – 56% ~ ဒီတစ်ခါကတော့ အက်ရှင်ကားကောင်းကောင်းတွေကြည့်ချင်နေတဲ့ ညီအစ်ကိုတို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆုပေါင်းများစွာပိုင်ဆိုင်ထားတဲ့အပြင် Critics Rating တွေလည်း ကောင်း၊ Series ပါပြန်ရိုက်ရလောက်အောင် အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။ ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ဆရာတစ်ဆူလို့ပြောလို့ရတဲ့ ဆရာသမားရဲ့ကားဆိုတော့ တကယ့်ကို အက်ရှင်ဇာတ်ကြမ်းအလန်းကားကြီးပေါ့။ သာမန်အပေအတေဘဝကနေ ထောင်ထဲပို့ခံရပေမယ့် ထောင်ထဲမရောက်ပဲ အေးဂျင့်အဖြစ် သင်တန်းပေးခံရတဲ့ နီကီတာ တစ်ယောက် အေးဂျင့်ဖြစ်ပြီးနောက်ပိုင်း မစ်ရှင်တွေကို ဘယ်လိုဖြတ်ကျော်ခဲ့ရလဲ… တစ်ဖက်မှာလည်း သူ့ဘဝလောက်ချစ်ရတဲ့သူကိုတွေ့ပေမဲ့ သူ့ရဲ့အလုပ်ကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာရော ဘယ်လိုအခက်အခဲတွေတွေ့ခဲ့ရလဲဆိုတာကို အက်ရှင်ရိုမန့်အကြမ်းအလန်းတွေနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 940MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 57Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y