
IMDb – 6.6/10 Director – David Zellner ဒီဇာတ်ကားလေးကတော့ ခုမီကို ဆိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက် ရတနာတွေကို လိုက်လံရှာဖွေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးမှာ စီးမြောပြီး စိတ်ကူးယဉ်တတ်တဲ့သူများ အကြိုက်တွေ့စေမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခုမီကို ဟာ ရတနာရှာဖွေခြင်းကို စွဲလမ်းနေတဲ့သူတစ်ဉီးပါ။ သူကစိတ်ကူးယဉ်ဇာတ်ကားထဲက ရတနာမြေပုံကိုရရှိပြီး အဲဒီရတနာတွေကို ရှာဖွေချင်နေပါတယ်။ အမြဲတမ်း တမှိုင်မှိုင်တတွေတွေနဲ့ လက်တွေ့ဘ၀ကို ဘာတစ်ခုမှစိတ်မပါ၊ အလုပ်ကသူဌေးနဲ့လည်း အဆင်မပြေဖြစ်ပြီး ရတနာတွေရှာဖို့ပဲစိတ်အားထက်သန်နေတဲ့ ခုမီကို တစ်ယောက် တစ်နေ့ကျတော့ ရတနာတွေရှာဖို့မြေပုံထဲကအတိုင်း US ကပြည်နယ်တွေဘက်ကိုထွက်လာပါတော့တယ်။ အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တဲ့အပြင် နဂိုကတည်းကမှ ထုံပေပေနဲ့ ခုမီကို တစ်ယောက် သူယုံကြည်ရာ ရတနာတွေကို တဇောက်ကန်းရှာဖွေပုံကို စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင် Rinko Kikuchi ဟာလည်း Main character ဖြစ်တဲ့ ခုမိကို နေရာမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့အပြင် တိတ်ဆိတ်သော၊ အစွဲအလမ်းကြီးသော၊ စိတ်အားငယ်သော၊ အထီးကျန်သော ကောင်မလေးဇာတ်ရုပ်ကို ပီပြင်စွာပဲပုံဖော်ထားပါတယ်။ File size…(1.3 GB)/(570 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thiha Kyaw
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 720p | 570 Mb | Download | |
| 720p | 570 Mb | Download | |
| 720p | 570 Mb | Download | |
| 720p | 570 Mb | Download | |
| 720p | 570 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.6 / 10
Director