
Knuckle Girl (2023) Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ခြေစုံပစ်ဝင်သွားတယ်။ အဲဒီနောက် သူ့ညီမ ကားထဲ မီးလောင်ပြီးသေသွားတဲ့ သတင်းကြားတော့ သူ့ညီမအလောင်းကိုလာကြည့်တယ်။ ရဲတွေက သူ့ညီမပါလို့ အခိုင်အမာပြောနေပေမဲ့ သူကတော့ သူ့ညီမ မဟုတ်တာ သေချာနေခဲ့တယ်။ဒီလိုနဲ့ သူ့ညီမ ဘယ်ရောက်သွားလဲရှာရင်း အကြမ်းစားလူဆိုးဂိုဏ်းတွေနဲ့ ရင်ဆိုင်ရဖို့အကြောင်းဖန်လာတယ်။ ဇာတ်ကလည်း မဆိုးသလို အက်ရှင်ခန်းတွေလည်းများတာမို့ အက်ရှင်ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဒီစာရေးဆရာရဲ့ကားတွေနဲ့ပဲ ပြန်ယှဉ်ရရင်တော့ Carter ထက်တော့ကောင်းပါတယ်။ The Villainess ရဲ့အရသာကိုတော့ မမီပါဘူး။ ဘာလို့ဆို မသကာ The Villainess ရဲ့ဇာတ်က Carter ထက် စုတ်ခဲ့တယ်ဆိုရင်တောင် Kim Ok-bin နဲ့ Shin Ha-kyun တို့က ကောင်းကောင်းကြီး ကယ်နိုင်မှာမို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 910MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 47Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.15GB | Download | |
| 1080p | 2.15GB | Download | |
| 1080p | 2.15GB | Download | |
| 1080p | 2.15GB | Download | |
| 720p | 910MB | Download | |
| 720p | 910MB | Download | |
| 720p | 910MB | Download | |
| 720p | 910MB | Download | |
| 720p | 910MB | Download | |
| 720p | 910MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.2 / 10
Director