
Kitty the killer (2023) ထိုင်းရုပ်ရှင်တွေထဲကမှ ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ ထိုင်းအက်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ 2023 မှာထွက်ရှိလာတဲ့ ဒီဇာတ်ကားက မြင်နေကျ ထိုင်းရုပ်ရှင်ကားတွေမတူတဲ့ ဇာတ်အိမ်နဲ့ ကောင်းမွန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါရှိတာမို့ အက်ရှင်ဇာတ်လမ်းကောင်းကြိုက်သူတွေအဖို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ လျှို့ဝှက်အေဂျင်စီတွေကနေ အမျိုးသမီးငယ်တွေကို အထူးလေ့ကျင့်ပေးပြီး “ကစ်တီ” လို့ အမည်ဝှက်ပေးထားခဲ့ကြပါတယ်။ “ကစ်တီ” တွေကို ထိန်းချုပ်တဲ့သူကိုတော့ “အုပ်ထိန်းသူ” လို့ ခေါ်ကြပြီး၊ သူတို့က အေဂျင်စီတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတဲ့ သူတွေပါပဲ။ တစ်နေ့မှာ ရှားပါးပစ္စည်းဟောင်းတွေထဲကနေ ဆန်းကြယ်တဲ့ကျောက်တစ်မျိုး ပေါ်လာခဲ့ပြီး အေဂျင်စီတိုင်းက ထိုအရာကို အရယူဖို့ ကြိုးစားလာကြတဲ့အခါ…. ဒီအရှုပ်ထဲ ဘုမသိဘမသိပါသွားသူ မောင်ချာလီကရော သေနတ်တကားကားကြား ဘယ်လို ရှင်သန်အောင် ကြိုးစားရမလဲ။ “ကစ်တီ” တွေနဲ့ အေဂျင်စီတွေကြား၊ “အုပ်ထိန်းသူ” တွေကြားက ချုပ်နှောင်ထားတဲ့ကြိုးတွေအကြောင်းကိုပါ ဇာတ်ကားတစ်ခုလုံး စိတ်လှုပ်ရှားဖွယ်အပြည့် ကြည့်ရှုရမှာပါပဲ။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Su Myat & Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size…1.2GB | 589MB Format… mp4 Duration….2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat & Thae Thae Encoder ….. Aaron