
စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမဲ့ ဟာသကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လင်နီက ငယ်ငယ်လေးကတည်းက သူ့အမေဆုံးသွားတာရော မိသားစုမရှိတာရောကြောင့် ကိုယ်ပိုင် မိသားစုလေး တည်ထောင်ပြီး မိခင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ တာပါ။ ဒီလိုနဲ့ လင်နီအရွယ်ရောက်လာပြီး အိမ်ထောင်ပြုရမဲ့ အရွယ်ရောက်လာတော့ သူ့ရဲ့ ၄နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ မိသားစုလေး တည်ထောင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ရည်းစားနဲ့လည်းပြတ် မိသားစုထူထောင်ချင်တဲ့အိပ်မက်လေးလည်း ပျက်စီးသွားချိန်မှာ လင်နီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကိတ်ကတော့ သားဦးလေးကို ကိုယ်ဝန်စလွယ်ထားရပါတယ်။ လင်နီ လိုချင်၊ဖြစ်ချင်ခဲ့တဲ့ မိသားစုအိပ်မက်ကို အခင်ဆုံးသူငယ်ချင်း ကိတ်ကပိုင်ဆိုင်နေရတာမြင်တော့ ဝမ်းနည်း၊ဝမ်းသာ၊ မနာလိုတွေ ဖြစ်ပြီး သူလိုချင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ခဏတာ ဟန်ဆောင်နေကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗိုက်အတုတပ်ပြီး ကိုယ်ဝန်ဆောင်ယောဂသင်တန်းသွားတက်ရာကနေ အလိမ်အညာ ထဲကရုန်းထွက်လို့မရတဲ့အခြေအနေကိုရောက်သွားတာကို ဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ခုပါ။ R-rated ကားဖြစ်တာမလို့ ခပ်ရိုင်းရိုင်းစကားလုံးတွေနဲ့ ခုတင်ပေါ်က ဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး။ ဒီတိုင်းဘာမှမတွေးချင်ဘဲ ရိုးရိုးရှင်းရှင်း ဟာသ ကားလေးကြည့်ဖို့ရှာနေသူများကတော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ဗိုက်အတုနဲ့ ကိုယ်ဝန်သည်ဟန်ဆောင်တဲ့ လင်နီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size… (1.70 GB) / (752 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.70 GB | Download | |
| 1080p | 1.70 GB | Download | |
| 1080p | 1.70 GB | Download | |
| 1080p | 1.70 GB | Download | |
| 720p | 752 MB | Download | |
| 720p | 752 MB | Download | |
| 720p | 752 MB | Download | |
| 720p | 752 MB | Download | |
| 720p | 752 MB | Download |