
Kill Me Now (2022) “မိဘမေတ္တာဆိုတာ အတိုင်းအဆ မရှိ” ဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ… ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက် အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်း အစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါ ဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာ သူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲနေချင်နေတာပါ။ အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့ ……… မာမားကားထဲက စစ်မှုရေးရာအမတ်ကြီး တဖြစ်လဲ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Jang Hyun Sung နဲ့ All of us are dead ထဲမှာ အားလုံးရဲ့ မျက်ရည်တွေကို သိမ်းပိုက်သွားခဲ့တဲ့ ဂျွန်ယောင်းလေး တဖြစ်လဲ မင်းသား Ahn Seung Gyun တို့က ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်ပိုင်းသာမက … ဇာတ်လမ်းဇာတ်ကွက်ကပါ ဟာသရသ ၊ ကရုဏာရသမျိုးစုံကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 1.7GB | 824MB | 395MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thantsin Encoder …..August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.7GB | Download | |
| 1080P | 1.7GB | Download | |
| 1080P | 1.7GB | Download | |
| 1080P | 1.7GB | Download | |
| 720P | 824MB | Download | |
| 720P | 824MB | Download | |
| 720P | 824MB | Download | |
| 720P | 824MB | Download | |
| 720P | 824MB | Download | |
| 480P | 395MB | Download | |
| 480P | 395MB | Download | |
| 480P | 395MB | Download | |
| 480P | 395MB | Download | |
| 480P | 395MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director