
ရှေးခေတ်နောက်ခံနဲ့ လွမ်းမောဖွယ် ဗီယက်နမ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗီယက်နမ်ရဲ့ဂန္ထ၀င်ကဗျာ ဆရာကြီး Nguyen Du ရဲ့ကဗျာရှည်၊ ဗီယက်နမ်စာပေမှာ နာမည် အကြီးဆုံးဂန္ထ၀င်ကဗျာကြီးလို့ ဆိုရမယ့် "Tale of Kieu" ကို အခြေ ခံပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဖေနဲ့အစ်ကို မှားယွင်းအကျဉ်းချခံရတာကြောင့် အားကိုရာမဲ့သွား တဲ့ မိန်းမလှလေး ကီးယူး။ သူစိမ်းနဲ့လက်ထပ်ပေးစားမှာကို မတတ် သာဘဲ လက်ခံလိုက်ရပေမဲ့ တကယ်တမ်းတော့ ပြည့်တန်ဆာအိမ်ကို ရောင်းစားခံလိုက်ရတာပါ။ ဒီလိုနဲ့ ကီးယူးတစ်ယောက် သူ့ဘ၀ မပျက် စီးအောင် ရုန်းကန်ရင်း ပိုးထည်ကုန်သည်ကိုလူချော သုဆင်းနဲ့ တွေ့ဆုံ မိပါတယ်။ မြင်မြင်ချင်းချစ်ခဲ့မိတဲ့ သူတို့နှစ်ဦးဟာ အများနဲ့ဝေးရာကို ထွက်ပြေးပြီး ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသလိုပဲ ကံတရားက ကီးယူးကို မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းက သုဆင်းဟာ မလွတ်လပ်သူတစ် ယောက်ဖြစ်နေတာပါပဲ။ တစ်နေ့မှာ သုဆင်းတစ်ယောက် ခရီးခဏထွက် သွားခိုက် ကီးယူးဆီ ကံကြမ္မာဆိုး၀င်လာတဲ့အခါ... ကီးယူးရဲ့ဘ၀က ဘယ်အထိကံဆိုးမှောင်ကျဦးမှာလဲ၊ ကံကြမ္မာက ဘယ်လို ကျီစားဦးမလဲ၊ သုဆင်းကရော အချစ်နဲ့ ကတိသစ္စာကြားမှာ ဘယ်လိုစခန်း သွားမလဲ၊ သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်က ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.76 GB) / (695 MB) / (455 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 12Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......C'mon Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.76 GB | Download | |
| 1080p | 1.76 GB | Download | |
| 720p | 695 MB | Download | |
| 720p | 695 MB | Download |