
Khwaabon Ka Jhamela 2024 (စော်ငြင်းကောင်လေး ဇူဘင်) ဇူဘင်ဆိုတဲ့ကောင်လေးဟာ ၂နှစ်လောက်တွဲလာတဲ့ ကောင်မလေးဖြစ်သူ ရှီနာ့ဇ်နဲ့အတူ ယူကေကို သွားဖို့အတွက် စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူဘင်ကို ငြီးငွေ့လာပြီဖြစ်တဲ့ ရှီနာ့ဇ်ကတော့ ဇူဘင်ကို ငြင်းခဲ့ပါတယ်။ ဒီလိုနဲ့ ချစ်သူနဲ့သွားဖို့ စီစဉ်ထားတဲ့ ယူကေခရီးစဉ်မှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်ပြီးတော့ ယူကေမှာ ကြိုတင်ပလန်ဆွဲထားတဲ့နေရာတွေမှာ တစ်ယောက်တည်းပဲ ကြေကွဲနေရပါတော့တယ်။ ကြေကွဲနေတဲ့ ဇူဘင်တစ်ယောက် ဘားတစ်ခုကို ရောက်သွားပြီး အရက်တွေသောက်လို့ စော်ငြင်းကောင်လေးတစ်ယောက် တွေ့သမျှ ကောင်မလေးတိုင်းကို လိုက်ကြောင်ရင်းနဲ့ ရူဘီဆိုတဲ့ ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ ရူဘီဆိုတဲ့ ကောင်မလေးကို ကြောင်ရင်းနဲ့ အဲဒီဘားမှာလည်း သူ့အရင်ကောင်မလေးအကြောင်းတွေကို မိုက်နဲ့ ရင်ဖွင့်ပြောခဲ့ပြီး ဘားတစ်ခုလုံးကို ကြေငြာလိုက်ပါသေးတယ်။ ဘားမှာ မူးရူးနေရင်းကနေ ဘယ်ကမှန်းမသိတဲ့ကောင်တွေက သူ့ပိုက်ဆံအိတ်ကို အလစ်သုတ်ချင်တာနဲ့ပဲ ဘောင်းဘီကိုပါချွတ်ယူသွားပြီး ဇူဘင့်ကို အမှိုက်ပုံးနားမှာ ထားခဲ့ပါတော့တယ်။ ဒါကိုတွေ့သွားတဲ့ ရူဘီတစ်ယောက် ပြစ်မထားခဲ့နိုင်ဘဲ သူ့အိမ်ကို ခေါ်လာပါတော့တယ်။ ပြည်ပမှာ အလုပ်လုပ်ရတာ ခက်ခဲကြတဲ့ထုံးစံအတိုင်း ရူဘီဟာလည်း ဘာဘေလ်တွေမှ မဆောင်နိုင်တဲ့အတွက် အိမ်ကို အပြင်က သော့ခတ်ပြီးတော့ ခိုးကြောင်ခိုးဝှက်နေနေသူတစ်ယောက်ပါ။ ဒီလိုနဲ့ အသည်းကွဲရင်း ပိုက်ဆံအိတ်ပါပျောက်ပြီး ဒုက္ခရောက်နေတဲ့ ဇူဘင်နဲ့ ငွေကြေးဆိုင်ရာခက်ခဲလို့ သိုသိုသိပ်သိပ်နေနေရတဲ့ ရူဘီတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 2.25 GB | Download | |
| 1080p HEVC | 2.25 GB | Download | |
| 1080p HEVC | 2.25 GB | Download | |
| 720p | 1.05 GB | Download | |
| 720p | 1.05 GB | Download | |
| 720p | 1.05 GB | Download | |
| 720p | 1.05 GB | Download | |
| 720p | 1.05 GB | Download |