
Khitrovka. The Sign of Four (aka) Hitrovka. Znak chetyryokh (Aka) In the Moscow Slums ဒီကားလေးကတော့ ထူးထူးဆန်းဆန်း Sherlock Holmes ၀တ္ထုတွေရဲ့ ဖခင်စာရေးဆရာကြီး Sir Arthur Conan Doyle ရဲ့ The Sign of Four ၀တ္ထုကို အခြေခံပြီးရိုက်ထားတဲ့ ရုရှားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Moscow မှာ ဇာတ်အိမ်တည်ထားပြီးတော့ အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Stanislavsky က Sherlock Holmes ကို ကိုယ်စားပြုပြီး Gilyarovsky ကတော့ Dr. Watson ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ မူရင်း Sherlock Holmes လို အရမ်းရှုပ်ထွေးနက်နဲထူးချွန်နေတာမျိုးတွေမပါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ Personal အမြင်အရတော့ Moscow vibe လေးနဲ့ တော်တော် အသစ်အဆန်းဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။ Plot က straight forward ဖြစ်ပြီးတော့ စိတ်ပြေလက်ပျောက်ကြည့်လို့ကောင်းမယ့် စုံထောက်ကားကောင်းတစ်ကားပါ။ Cinematography လည်းအတော်အသင့်လှပါတယ်။ အရမ်း serious မဖြစ်ပဲ စိတ်ပြေလက်ပျောက်စုံထောက်ကားတစ်ကားကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက်သင့်တော်မယ့်ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Auctorem မှတင်ဆက်ထားပါတယ်)