Preparing your cinema experience...

Kattis Gang (2025) “ဒါရိုက်တာကြီး” IMDb – 6.1/10 အသစ်ထွက်ရှိလာတဲ့ မလေယာလမ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂန္ထဝင်မင်းသားကြီး ရာဂျ်နီကန့်သ်ရဲ့ ဘာရှာရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖူးပါတယ်ဆိုပြီး နှစ်တိုင်း ဘာရှာရုပ်ရှင်ကို ပြနေခဲ့တဲ့ အဖေဖြစ်သူကြောင့် ရုပ်ရှင်ပိုးဝင်ခဲ့တဲ့ သားဖြစ်သူအာနန်။ ဒါရိုက်တာကြီးဖြစ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ ရှင်သန်ခဲ့တဲ့သူ။ ဒါပေမဲ့ အခြေအနေတစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖို့ ရပ်လိုက်ရပေမဲ့ မွေးရပ်ဇာတိမြေမှာတော့ ဒါရိုက်တာကြီးဆိုပြီး လူတွေအထင်ကြီးလာကြတဲ့အခါ။ မိသားစုရော မြို့သူမြို့သားတွေကရော သူ့ကို ရုပ်ရှင်ကားကြီးရိုက်လာတဲ့ သူတို့မြို့ရဲ့ပထမဆုံးဒါရိုက်တာဆိုပြီး တလေးတစားဆက်ဆံကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)