
Kangaroo Jack (2003) Genre – Action, Adventure, Comedy ငယ်ငယ်တုန်းက အကျီအနီရောင်လေးနဲ့ သားပိုက်ကောင်ပါတဲ့ ဟာသကားလေး မှတ်မိကြမယ်ထင်ပါတယ်။ တော်တော်လေးလည်း ဘဝအမောပြေရတဲ့ ဟာသကားလေးပါ။ သားပိုက်ကောင်ဆိုပေမဲ့လည်း သူက အဓိက မဟုတ်ပဲ သူနဲ့ ပတ်သက်ပြီး တလွဲတွေဖြစ်ကြတဲ့ ဟာသကားမျိုးပေါ့။ ဇာတ်လမ်းလေးကတော့ နယူးယောက်မှာ ချာလီနဲ့ လူဝစ်စ်ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ ကလေးဘဝ ချာလီရေနစ်တုန်းက လူဝစ်စ်က ကယ်ပေးပြီး ဘော်ဒါတွေ ဖြစ်ခဲ့ကြတာပေါ့။ ဒါပေမဲ့လည်း အဲဒါကိုအကြောင်းပြုပြီး ကြီးတဲ့ထိ ချာလီ့ကို နှိပ်စက်လို့ကောင်းနေဆဲပဲ။ ချာလီကကျ သူ့အမေက အဖေဆုံးပြီးနောက် လူမိုက်ဂိုဏ်းခေါင်းဆောင်ကို လက်ထပ်ထားလို့ ပထွေးတော်ထားရတယ်။ ဒီမှာတင် တစ်ရက်ကျ ထုံးစံအတိုင်း လူဝစ်စ်က ချာလီကို ဒုက္ခလာပေးတဲ့အချိန် ပထွေးဖြစ်သူရဲ့ လုပ်ငန်းကို အကြောင်းရင်းမသိပဲ တုတ်နဲ့ထိုးသလိုဖြစ်ပြီး ပြဿနာတက်ပါတော့တယ်။ ဒီတော့ ပထွေးဖြစ်သူက မင်းတို့တွေ အပြစ်ကျေချင်တယ်ဆိုရင် ဒီအထုပ်လေးကို သြစတြေးလျနိုင်ငံက တစ်နေရာသွားပို့ဆိုပြီး ခိုင်းလိုက်ရော။ တကယ်တော့ အဲဒါ ဒေါ်လာ ၅ သောင်းဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ပရမ်းပတာ သွားပို့နေတုန်း လမ်းမှာ သားပိုက်ကောင်တစ်ကောင်ကို ဝင်တိုက်မိပါတယ်။ အဲဒါကို ချက်ချင်းလမ်းဘေးမဖယ်ပဲ ပိုက်ဆံအိတ်ပါတဲ့ ဂျတ်ကတ်ကို သားပိုက်ကောင်ဝတ်ပေးပြီး ဓာတ်ပုံရိုက် ဖင်ယားနေတဲ့အချိန် ဟိုက မသေပဲ ပြန်သတိလည်လာပြီး ထွက်ပြေးသွားတဲ့အခါ….။ နှစ်ကောင်သား ဒုက္ခမရောက်အောင် အချိန်မှီ ဘယ်လို သားပိုက်ကောင် လိုက်ဖမ်းကြမလဲ၊ ပိုက်ဆံယူမယ့်လူကရော ဘယ်လိုလိုက်ရှာမလဲ၊ ပထွေးဖြစ်သူကလည်း စိတ်ဆိုးပြီး လူလွှတ်ပြီး လိုက်ရှာခိုင်းတာ ဘယ်လိုဖြစ်မလဲ၊ တောရိုင်းစောင့်ရှောက်ရေးက ကောင်မချောလေးကလည်း ဘယ်လိုပါဝင်လာမလဲ စသဖြင့် အရှုပ်တော်ပုံကြီးကို ရယ်ရယ်မောမော ကြည့်ရမှာပါ။ သရုပ်ဆောင်တွေကလည်း မင်းသား Jerry O’Connell နဲ့ လူမည်းဟာသမင်းသား Anthony Anderson တို့က အတွဲညီညီ သောက်တလွဲလုပ်ကြပြီး မင်းသမီးချော Estella Warren အပြင် ဝါရင့်သရုပ်ဆောင် Christopher Walken တို့ Michael Shannon တို့လည်း ပါဝင်ထားကြပါတယ်။ စိတ်ညစ်တာတွေရှိရင် ခဏလောက်ပြေပျောက်သွားအောင် ဒီ ဟာသကားလေးကို ကြည့်ပြီး ငယ်ဘဝကို ခဏလောက် ပြန်သွားကြတာပေါ့ဗျာ။ File size… 2.27 GB / 961 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.27 GB | Download | |
| 1080p | 2.27 GB | Download | |
| 1080p | 2.27 GB | Download | |
| 1080p | 2.27 GB | Download | |
| 720p | 961 MB | Download | |
| 720p | 961 MB | Download | |
| 720p | 961 MB | Download | |
| 720p | 961 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director