
kaalamega karigindhi (2025)”အတိတ်ပုံပြင်” ==================================== မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ 96 လိုမျိုး ငယ်ဘဝကို သတိရစေမယ့် တေလေဂူးစကားပြော ကဗျာဆန်ဆန် လွမ်းမောဖွယ်ရာအချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဆုရ အင်ဒီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဆင်ဂါရာမိုဟန်က ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းကတော့ လက်ရှိမှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပေမဲ့ ရင်ဘက်ထဲမှာ ဗလာကြီးဖြစ်နေတဲ့ ဖာနီတယောက် အတိတ်မှာဆုံးရှုံးခဲ့ရတဲ့ ဘင်ဒူဆိုတဲ့ အချစ်ဦးကောင်မလေးအကြောင်းကို ဖြည်းဖြည်းချင်း ပြန်ပြောပြရင်း ပရိသတ်တွေကို အဖြူအစိမ်းဘဝတွေဆီ ပြန်ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ ဘင်ဒူဟာ ဖာနီ့ဘဝထဲက ဘယ်လိုထွက်သွားခဲ့တာလဲ၊ သူတို့ပြန်တွေ့ကြမှာလား၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ လွမ်းစရာကောင်းအောင် မြင်တွေ့ခံစားကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)