
Kaagaz 2 (2024) IMDb – 7.6/10 2021 တုန်းက အိန္ဒိယအစိုးရနဲ့ 19 နှစ်တိတိ ယှဉ်ပြိုင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Kaagaz 1ရဲ့အောင်မြင်မှုတွေအပြီးမှာတော့ Kaagaz 2 ထပ်မံထွက်ရှိလို့လာပါပြီ။ Life Struggleကိုပြသချင်တာချင်းတော့တူပေမဲ့ ဒီတစ်ခါမှာတော့ political satire မဟုတ်ဘဲ past traumaတွေနဲ့အိန္ဒိယစစ်သားလေးတစ်ယောက်ရဲ့ သူရဲကောင်းဘဝခရီးလေးပေါ့။ ငယ်ငယ်ထဲက ဆရာမကဘာလုပ်ချင်လဲမေးရင် စစ်သားကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တဲ့ အူဒေးတို့သူငယ်ချင်းနှစ်ယောက် အရွယ်ရောက်လာတော့ အိပ်မက်အတိုင်းပဲ စစ်ထဲဝင်လို့ စစ်သင်တန်းကျောင်းတက်ကြတာပေါ့။ စစ်ယူနီဖောင်းကသာကြည့်ကောင်းပေမဲ့ တပ်စည်းကမ်းနဲ့ တပ်လေ့ကျင့်ရေးတွေက ပျော်စရာမဟုတ်တဲ့အတွက် အူဒေးတစ်ယောက် စိတ်ညစ်လာပါတော့တယ်။ တကယ်တော့ သူစစ်ထဲဝင်ချင်တာ မိသားစုဂုဏ်ကြောင့်တို့ အမိမြေကြီးကိုချစ်လို့တို့မဟုတ်ဘဲ Daddy Issues တွေနဲ့ကြီးပြင်းခဲ့တဲ့သူဆိုတော့ သူသတ္တိရှိကြောင်းကိုပြချင်ခဲ့တဲ့အတွက်ပါ။ ဒီလိုနဲ့ပဲ ထွက်မယ်တကဲကဲလုပ်နေတဲ့အူဒေးကို သူငယ်ချင်းက ချစ်သူမွေးနေ့မှာ ခိုးထုတ်ပေးမယ်ဆိုပြီး ချွေးသိပ်လိုက်တာပေါ့။ ချစ်သူတာနူနဲ့တွေ့ပြီးအပြန်မှာ လူတစ်စုက မိန်းကလေးကို ဣန္ဒြေပျက်အောင် စော်ကားနေတာမြင်တော့ သူရဲကောင်းဖြစ်ချင်နေတဲ့အူဒေးလည်း ထုံးစံအတိုင်း ဟီးရိုးဝင်လုပ်ပါတော့တယ်။ ဟီးရိုးဆိုရင် ချီးမြှောက်ခံရမယ်ထင်ပေမဲ့ လက်တွေ့မှာ အိန္ဒိယစစ်စည်းကမ်းနဲ့အပြစ်ပေးခံလိုက်ရတော့ ကျောင်းပြေးလေးလုပ်ချင်နေတဲ့အူဒေးတစ်ယောက် ရင်ထဲကအစိုင်အခဲတွေကြီးမားလာတဲ့အခါ…. အူဒေးတစ်ယောက် ကျောင်းပြေးလေးပဲဖြစ်သွားမလား တပ်ထဲမဝင်ခင်က သူရဲဘောမကြောင်ဘဲ သူရဲကောင်းလုပ်မယ်ဆိုတဲ့ သူ့ရဲ့ကတိကိုပဲ ဖြည့်ဆည်းနိုင်သွားမလားဆိုတာ ဆက်လက်ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.4 / 10
Director