
ခရစ္စမတ်နဲ့ အချစ်ဇာတ်လမ်းချိုချိုလေးတွေဆိုတာ ခွဲမရတဲ့အရာတွေပါပဲနော်။ အခု ခရစ္စမတ်အချိန်လည်းနီးပြီဆိုတော့ ဆောင်းရဲ့အအေးဓါတ်လေးနဲ့ စောင်ခြုံပြီး အချစ်ဇာတ်လမ်းလေးတစ်ခုကို ရင်ခုန်ခံစားနိုင်ကြရအောင်လို့ အသစ်စက်စက်ထွက်ရှိလာတဲ့ Joyeux Noel ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်း ပြင်သစ်နိုင်ငံကရွာလေးတစ်ရွာမှာ ရိုးရာပုံပြင်လေးတစ်ခုရှိပါသတဲ့။ ခရစ္စမတ်အချိန်ကိုရောက်ရင် အဲဒီက ခရစ္စမတ်စျေးလေးထဲမှာ ကိုယ့်ရဲ့ဖူးစာဖက်ကိုရှာတွေ့နိုင်တယ်ဆိုတာပါပဲ။ အမေရိကန်နိုင်ငံက စာနယ်ဇင်းတိုက်မှာအလုပ်လုပ်နေတဲ့ လီယာဆိုတဲ့သူဟာ အရမ်းစိတ်ကူးယဥ်ဆန်ပြီး သူ့ရဲ့ဖူးစာဖက်ကို ပုံပြင်ဆန်ဆန်တွေ့နိုင်မယ်လို့ ယုံကြည်နေတဲ့သူပါ။ သူဟာ တစ်ရက်မှာတော့ သူ့အမေနဲ့ခရစ္စမတ်လက်မှု ပစ္စည်းလေးတွေသွားဝယ်ရင်းနဲ့ တေးဂီတသေတ္တာဟောင်းလေးတစ်ခုကို ဝယ်ခဲ့ပါတယ်။ အဲဒီသေတ္တာဟောင်းလေးထဲကနေ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပြီး အဲဒီဒိုင်ယာရီစာအုပ်ဟာ ပြင်သစ်က ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ခုကိုရေးထားတာပါ။ ပြီးတော့ လတ်တလောအရမ်းနာမည် ကြီးနေတဲ့ ပန်းချီကားတစ်ချပ်နဲ့လည်း ဆက်နွယ်နေပါသေးတယ်။ အဲဒါကြောင့် အဲဒီဇာတ်လမ်းကို ဆောင်းပါးအဖြစ်ထုတ်ဝေဖို့ကြိုးစားပေမဲ့ အဲဒီဒိုင်ယာရီရဲ့ နောက်ဆုံးစာရွက်အချို့ဟာစုတ်ပြဲနေခဲ့ပြီး ဘယ်လိုအဆုံးသတ်လဲဆိုတာကို မသိရပါဘူး။ ဒီလိုနဲ့ ပြင်သစ်နိုင်ငံက အဲဒီမြို့လေးကို လီယာနဲ့ မက်ခ်လို့ခေါ်တဲ့ နှစ်ယောက်က အတူသွားပြီး ဒိုင်ယာရီရဲ့အဆုံးသတ်ကိုရှာဖို့ဖြစ်လာပါတော့တယ်။ လီယာနဲ့မက်ခ်တို့နှစ်ယောက် လှပလွန်းတဲ့ပြင်သစ်နိုင်ငံကမြို့လေးတစ်မြို့ထဲမှာ ဒိုင်ယာရီစာအုပ်ရဲ့ဇာတ်ကောင်နှစ်ယောက်ကို ဘယ်လိုရှာဖွေကြမလဲ ဒိုင်ယာရီထဲကဇာတ်ကောင်နှစ်ယောက်က ပျော်ရွင်ဖွယ်အဆုံးသတ်ကို ပိုင်ဆိုင်ခဲ့ကြရပါ့မလား၊ ပြီးတော့ အကျင့်စရိုက်လုံးဝမတူတဲ့ လီယာနဲ့ မက်ခ်တို့ကြားက အချစ်ဇာတ်လမ်းလေးကလည်း ဘယ်လိုစတင်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.38GB / 624MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 720P | 624MB | Download | |
| 720P | 624MB | Download | |
| 720P | 624MB | Download | |
| 720P | 624MB | Download | |
| 720P | 624MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.2 / 10
Director