
ဒီဇာတ်ကားက Joy Manganoဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ရိုက်ထားတဲ့ Biographical Comedy-Dramaအမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ် Joyက ယောက်ကျားနဲ့ ကွဲထားတဲ့ ကလေးနှစ်ယောက် အမေ ဖြစ်သလို သူရဲ့ အဖေနဲ့ အမေကလဲ ကွာရှင်းထားတာကြောင့် အိမ်စီးပွားရေးက သူရဲ့ ခေါင်းပေါ်ကို ရောက်လာပါတော့တယ် အဲဒီလိုနဲ့ စီးပွားရေး အဆင်ပြေဖို့အတွက် အလုပ်သစ်တစ်ခုကို စတင်တီထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက အလုပ်သစ် စတင်မဲ့ လူတစ်ယောက်အတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရတတ်တယ်၊ မအောင်မြင်ခင် ဘယ်လို ဝေဖန်တိုက်ခိုက်ခံရတယ်ဆိုတာတွေကို တွေ့ရမှာပါ။ အဲဒီ အခက်အခဲတွေကို ဘယ်လို အင်အားမျိုးနဲ့ ကျော်ဖြတ်မှာလဲ၊ ကျရံှူးမှူတွေကိုရော လက်မြောက် အရံှူးပေးမှာလား ဒါမှမဟုတ် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကျော်လွှားမှာလားဆိုတာကို ကောင်းကောင်းသင်ယူနိူင်မဲ့ ဇာတ်ကား တစ်ကားမှာပါ။ အလုပ်သစ်တစ်ခု စတင်မဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွန်းပါရစေ Jennifer Lawrence ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှူနဲ့အတူ IMDB Rating 6.6 အထိ ရထားတဲ့ ဒီဇာတ်ကားက ကြည့်ရှူတဲ့လူတွေအတွက် အကျိုးရှိတဲ့ အတွေးမျိုးကို ပေးနိူင်မှာ သေချာပါတယ်။ File Size : 930 MB Quality : Blu ray 720P Running Time : 2hr 04 minute Format : Mp4 Genre : Biographical, Comedy, Drama Encoder : Joker.phs