
ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့ အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်း ပြထားပါတယ်။ လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲ ကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။ လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသ ထိန်းရရှာပါတယ်။ ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူ အဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီးတော့ လင်ဒီစရိုက်ကြောင့် ကောင်လေးတော်တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်ရေးမှာလည်း အနုတ်ပြပြီး သူ့အတွက် ဘယ်အရာမှ အဆင်ပြေမနေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။ အဲ့ကောင်လေးက လင်ဒီ့ကို တော်တော်လေးချစ်ပေးရှာပါတယ် အဲ့တော့ လင်ဒီတစ်ယောက် သူ့ဘ၀လေးအဆင်ပြေလာပြီဆိုပြီး ပျော်ရွှင်နေတုန်းမှာ ကောင်လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါတော့တယ်။ ဇာတ်လမ်းကလည်း အခုမှစတာပါ လင်ဒီတစ်ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ ရက်စက်မှုတွေနဲ့ ကြုံလာရတော့ ဒါတွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ဘယ်သူလဲ၊ ဘာလို့သူ့ကောင်လေးကိုသတ်သွားရတာလဲ စတဲ့မေးခွန်းပေါင်းများစွာကို လင်ဒီနဲ့အတူ အဖြေရှာရင်း အတူပါဝင်စီးမြောခံစားသွားရမှာပါ။ အကြမ်းလွန်နေတဲ့ action scene တွေပါတာမို့ အသည်းငယ်တတ်ရင် ကြိုတင်ပြင်ဆင်ပြီးမှကြည့်ပါလို့ပြောချင်ပါတယ်။ ဒီကားကိုကြည့်ရတာ အတန်ဆုံးအချက်က မင်းသမီးရဲ့ ချောမောလှပမှုတွေကို မျက်စိအစာကြွေးရတာပါပဲ . အဲ့တော့ CM ပရိသတ်ကြီး သဘောကျမယ်လို့ မျှော်လင့်မိ ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA မှ ရေးသားပေးပြီး၊ CM Translate Team မှ ဘာသာပြန်ရေးသားပေးထားပါတယ်။) Quality – 1080p, 720p WebDL Duration - 1h 31min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Comedy Source : 1080p.WebDL Translator – MTA, Shwe Pyae, Thet Hnin Su, Amelia Encoder – Nyein Saeya Aung, SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.71GB | Download | |
| 1080p | 1.71GB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download |