
Netflix မှ Rating အကြမ်းစားနဲ့ အဆိုတော်၊ မင်းသားကြီး Diljit Dosanjh ရဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဒီကားက ၁၉၈၀ ခုနှစ်ဒေလီမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကိုအခြေခံရိုက်ကူးထားပြီး အကမပါ အိုဗာမပါ မိတ်ကပ်ခြယ်သမှုမပါဘဲ ရင်တစ်နင့်နင့်နဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ထိုခေတ်ထိုအခါကအသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေရဲ့ အင်တာဗျူးတွေမှာလည်း ကိုယ်စီကိုယ်စီ ရင်နင့်စရာဇာတ်လမ်းတွေကြောင့် အိ န္ဒိယသမိုင်းဝင်ဖြစ်ရပ်ကို Netflix မှ ပြန်လည်ပုံဖော်တင်ဆက်ထားခြင်းပဲဖြစ်ပါတယ် ----------- ဒေလီမြို့မှာ ငြိမ်းချမ်းတဲ့ဆစ်ခ်ဘာသာဝင်လူမျိုးတွေနေထိုင်တဲ့မြို့တစ်မြို့ရှိပါတယ် တွေ့သူတိုင်းနှုတ်ဆက်ပျုငှာတတ်ကြပြီး အုပ်စုဖွဲ့ဆော့ကစားတတ်ကြတဲ့ကလေးတွေကလည်း မြို့ရဲ့ဆည်းလည်းသံအလား သာယာနေတတ်ပါတယ် ဒီမြို့မှာဆို ဂျိုဂီက မသိသူမရှိ ဖော်ရွေတတ်သူကြီးပေါ့ အစ်မဖြစ်သူရဲ့သားလေး ပရက်ရဲ့မွေးနေ့ပွဲအတွက် တစ်အိမ်လုံးပြင်ဆင်စရာရှိတာပြင်ဆင် တစ်ရပ်ကွက်လုံးပတ်ဖိတ်ထားပြီး ညနေခြောက်နာရီမှာမွေးနေ့ပွဲကျင်းပဖို့ တာစူနေကြပါတယ် ခြောက်နာရီမတိုင်ခင်တော့ ကျောင်းတက်တဲ့လူကတက် |အလုပ်သွားတဲ့လူကသွားပေါ့ ဒါပေမယ့် အဲဒီနေ့မှာပဲ သူတို့ပျော်ရွှင်စရာတွေအဆုံးသတ်သွားမယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး အကြောင်းကတော့ အိန္ဒိယနိုင်ငံရဲ့မိခင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ကလုပ်ကြံခံလိုက်ရလို့ပါပဲ လုပ်ကြံတဲ့လူတွေကလည်း ဆစ်ခ်လူမျိုးနှစ်ယောက်ဆိုတော့ တစ်မြို့လုံးက ဆစ်ခ်လူမျိုးတွေအပေါ် အမုန်းတရားတွေစုပြုံပြီး မြင်သမျှသတ်ဖြတ် မီးရှို့ရင်း ပျော်ရွှင်စရာဒေလီမြို့လေးက မီးလောင်ပြင်တွေ အော်ဟစ်ငိုယိုသံတွေနဲ့တစ်မဟုတ်ချင်း ပြည့်နှက်သွားခဲ့ရပါတယ် ထုံးစံအတိုင်း နိုင်ငံရေးရဲ့နောက်ကွယ်မှာဖုံးကွယ်မှုတွေ ရှုပ်ထွေးမှုတွေရှိနေတတ်တော့ ရာနဲ့ချီပြီးပြေးပေါက်ပိတ်နေတဲ့ဆစ်ခ်လူမျိုးတွေကို လူမျိုးဘာသာမတူတဲ့ လူသုံးယောက်က ကယ်တင်သွားမယ့်ပုံတွေကို အသည်းတစ်ယားယားကြည့်ရှုရမှာပဲဖြစ်ပါတယ် သူတို့တွေလွတ်မြောက်သွားကြမှာလား အရင်လို ပျော်ရွှင်စရာဒေလီမြို့လေးကိုပြန်ရနိုင်မလား ဆိုတာတော့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါရှင် File size…1.8GB / 819MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Allena & Yunni