
J Baby (2024) “မေမေ” IMDb 8.7 စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါ ဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ် သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ် သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေကရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲ ဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမှာလဲ ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.8GB | Download | |
| 1080p | 2.8GB | Download | |
| 1080p | 2.8GB | Download | |
| 1080p | 2.8GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.6 / 10
Director