
Jason and the Argonauts (1963) ~ IMDb – 7.3/10, Rotten Tomatoes – 89% ~ ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်းတွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအကျော်အမော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ… ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား မောင်နှံ၂ပါး အားပြိုင်တဲ့အခါ… ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ဂျေဆင်က သူ့အဖွဲ့သား အာဂိုနပ်တွေနဲ့ ရေကြောင်းခရီး ရွက်လွှင့်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် ကြုံတွေ့ရတဲ့အန္တရာယ်တွေကို ရင်ဆိုင်ပုံနဲ့ ရွှေသိုးကို ကိုးကွယ်တဲ့ ကော်လ်ခိစ်တိုင်းပြည်က ခိုးယူပုံ၊ နတ်ဘုရားတွေ စောင်မကြည့်ရှုပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 825MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 44Min Genre – Action, Adventure, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y