
ဒီတစ်ခေါက်မှာတော့ မိုးအေးအေးလေးနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီး တွေးလို့ကောင်းမဲ့ A24 film တစ်ခုကိုတင်ဆက်ပေးပါရစေ။ ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဟာ အတွေးဒဿနကိုဦးစားပေးတာ ဖြစ်တဲ့အတွက် ဇာတ်လမ်းအသွားအလာ တည်ငြိမ်ကြောင်းကို ကြိုတင်အသိပေးပါစေ။ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Title ထဲကအတိုင်း ဂျဲနက်ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ ဂျဲနက်မှာ ၁၁နှစ်အရွယ် သမီးလေး တစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တူတူနေထိုင် ကြပါတယ်။ အဲဒါကို ဂျဲနက်ရဲ့ ကမ္ဘာလေး (Janet Planet) လို့ တင်စားထားတာမျိုးပါ။ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းကို ၃ ပိုင်း ခွဲခြားထားပြီး ဂျဲနက်ရဲ့ ကမ္ဘာလေးထဲကို ဧည့်သည် ၃ယောက်အလည်လာခဲ့ပုံကို တစ်ပိုင်းစီ ရိုက်ပြထားပါတယ်။ အဲဒီဧည့်သည်တွေကတော့ ဝိန်းဆိုတဲ့ ဂျဲနက်ရဲ့ရည်းစားရယ်၊ ရက်ဂျီနာဆိုတဲ့ ဂျဲနက်ရဲ့သူငယ်ချင်းရယ်၊ ရက်ဂျီနာရဲ့ ရည်းစားဟောင်း အာဗီဆိုတဲ့လူရယ်ပါ။ သူတို့သုံးယောက်ဟာ တစ်ယောက်ကို စရိုက် တစ်မျိုးစီ၊ အခြေအနေတစ်မျိုးစီနဲ့ ဂျဲနက်ရဲ့ကမ္ဘာလေးထဲကိုတစ်လှည့်စီ ဝင်လာခဲ့ကြပါတယ်။ အဲဒီဧည့်သည်တစ်ယောက်ချင်းစီနဲ့ ဂျဲနက်ရဲ့ စကားပြောခန်းလေးတွေဟာ ဒီရုပ်ရှင်ရဲ့ အနှစ်ပါပဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားရင် လူ့သဘော လူ့သဘာဝတွေ၊ နေ့စဉ်ဘဝအကြောင်းအရာတွေ၊ ဘာသာရေးအကြောင်းတွေ၊ ဒဿနတွေ၊ အနုပညာတွေ စတဲ့ အရာအားလုံးနဲ့ပတ်သတ်ပြီး မေးခွန်း ဒါမှမဟုတ် အတွေး တစ်ခုခုတော့ စိတ်ထဲကျန်နေခဲ့မှာပါ။ ဆိုတော့… ဒီရုပ်ရှင်ဟာ တည်ငြိမ်အေးဆေးပြီး အတွေးများစွာပေးနိုင်မဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…3.14GB / 0.98GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.14GB | Download | |
| 1080p | 3.14GB | Download | |
| 1080p | 3.14GB | Download | |
| 1080p | 3.14GB | Download | |
| 720p | 0.98GB | Download | |
| 720p | 0.98GB | Download | |
| 720p | 0.98GB | Download | |
| 720p | 0.98GB | Download | |
| 720p | 0.98GB | Download | |
| 720p | 0.98GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director