
Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရော ဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့ Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာ စွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့ မိခင်သဖွယ်နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် .. ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီး ဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ .. သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီး သူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ဟာ စိတ်ခွန်အားတစ်ရပ်၊ နားခိုရာအိမ် ဖြစ်လာခဲ့ပြီး ဘဝဒဿနတွေကို သင်ယူရာ ကျောင်းတော် ဖြစ်လာခဲ့ပါတော့တယ် .. သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းလေးဟာ ရုပ်ရှင်ထဲမှာ အိပ်မက်လိုလို လက်တွေ့ဘဝလိုလို ဇာတ်ကွက်တွေ ရောယှက်နေပြီး လူ့အဖွဲ့အစည်းက ဘေးဖယ်ထားတဲ့သူတွေရဲ့ ဘဝကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့တဲ့ကားကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် .. File size…1.9GB / 631MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 631MB | Download | |
| 720p | 631MB | Download | |
| 720p | 631MB | Download | |
| 720p | 631MB | Download | |
| 720p | 631MB | Download | |
| 720p | 631MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.1 / 10
Director