
Jane (2022) ~ IMDb – 5.1/10, Rotten Tomatoes – 63% ~ ပေါကားတွေများလို့စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းအစကနေအဆုံးအထိ ဇာတ်ရှိန်မကျဘဲ စိတ်ဝင်စားစရာကောင်းတဲ့ Psychological Thriller ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစကတော့ Jane ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနဲ့စထားတာပါ။ Olivia နဲ့ Izzy ကတော့ Jane ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး Jane သေဆုံးသွားပြီးနောက် သူတို့နှစ်ယောက်လည်းအရင်လိုမရင်းနှီးကြတော့ပါဘူး။ Olivia တစ်ယောက် သူမရဲ့အိပ်မက်ဖြစ်တဲ့ Stanford တက္ကသိုလ်ဝင်ခွင့်ရွှေ့ဆိုင်းခံရတာ ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်ကြောင့် Debate team ခေါင်းဆောင်နေရာကိုဆုံးရှုံးလိုက်ရတာတွေကြောင့် ဖိအားတွေအရမ်းများနေတဲ့အချိန်မှာ Izzy နဲ့ ပြန်ရင်းနှီးလာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက် Jane ရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုသုံးပြီး သူတို့မကျေနပ်တဲ့သူတွေကို လူသိရှင်ကြားအရှက်ခွဲဖို့ လုပ်ကြပါတော့တယ်။ ဒါပေမဲ့ အဲဒီအကောင့်ကနေ သူတို့နှစ်ယောက်လုံးမတင်ဘဲ ပို့စ်တွေတင်လာတဲ့အခါမှာ… Jane ရဲ့အကောင့်ကိုသူတို့အပြင်သုံးနေတာ ဘယ်သူဖြစ်မလဲ။ အပျော်ကနေအပျက်ဖြစ်တတ်တယ်ဆိုသလိုပဲ ကိုယ့်ရဲ့ပို့စ်တစ်ခုကြောင့် တစ်ဖက်လူရဲ့ဘဝ ဘယ်လိုပျက်စီးသွားနိုင်လဲဆိုတဲ့ Cyber bullying အကြောင်းကို စိတ်ဝင်စားစရာရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ IMDb rating 5.1/10, ခရမ်းချဥ်သီး rating 63% ရထားတဲ့ကားဖြစ်ပြီး Riverdale မှာ Cheryl Bloosom နေရာကပါဝင်ခဲ့တဲ့ မင်းသမီီးချော Madelaine Petsch ကလည်း Olivia အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.23GB, 441MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 23Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.23GB | Download | |
| 1080p | 1.23GB | Download | |
| 1080p | 1.23GB | Download | |
| 1080p | 1.23GB | Download | |
| 1080p | 1.23GB | Download | |
| 720p | 441MB | Download | |
| 720p | 441MB | Download | |
| 720p | 441MB | Download | |
| 720p | 441MB | Download | |
| 720p | 441MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.1 / 10
Director